Part-2

9 1 0
                                    

ဒီနေ့က Louisတို့ အထက်တန်းအောင်ဘွဲ့ယူရမည်နေ့.. Louis ကsuitကိုသေသပ်စွာဝတ်ဆင်ထားပီး လိုက်ဖက်လွန်းလှသည်
"မာမီ့သားက မာမီနဲ့တူလို့ချောတာ"Dorathyအရွှန်းဖောက်ကာ စလိုက်သည်" မာမီ သားကိုပြောပြစရာတေ‌ွရှိတယ်ဆို"Louis ကစကားစပြန်သည် "သားကိုမာမီညကျရင်ပြောပြပါ့မယ်,အခု ကျောင်းကိုသွားကြစို့,လာ"။

ကျောင်းရောက်သောအခါ Jaehyun ကိုလည်းsuitနှင့်တွေ့ရသည် သူ့မျက်လုံးထဲမှာတော့ ဒီကောင်လေးဟာ အမြဲတမ်း ထူးခြားနေတော့တာပဲ "ဟေး Louis,ငါဒီမှာဟေ့..
လာလေ အတူတူထိုင်ကြရအောင်"
"အင်း လာပီ,လာ မာမီ သွားထိုင်ရအောင်"..
"အဲတာကဘယ်သူလဲ,သား သူငယ်ချင်းလား" "ဟုတ်တယ် မာမီ,သူကKoreaကနေလာခဲ့တာ" ဪ.. Koreaကတဲ့လား
သူ့အချစ်ဆုံးသူငယ်ချင်းLouisအ ‌ေမရဲ့ ဇာတိမြေကပဲ
အရမ်းလှပသလို အရမ်းလည်းရက်စက်တဲ့နေရာမို့ တွေးလိုက်ရင် Dorathyရင်ထဲတဆစ်ဆစ်နာကျင်ရတုန်း..
Dorathyအဖေ Koreaကိုတာဝန်ကျတုန်းကDorathyတို့တစ်မိသားစုလုံး‌လိုက်သွားကြသည်..ဟိုရောက်တော့ Englishလိုကောင်းကောင်းပြောတတ်သူကို သူငယ်ချင်းဖွဲ့ရသည်.. Dorathyအချစ်ဆုံးဖြစ်လာသူမှာ
Louisအမေအရင်း Kim Chaeun..
Kim Chaeunတို့မိသားစုက ချမ်းသာသည်
Gwanak-guမြို့မျက်နှာဖုံးမိသားစု..
Chaeunက ငယ်ငယ်ကတည်းကEnglishကို
ပိုင်နိုင်စွာ ပြောနိုင်သည်..
Chaeunကတော်တော်လှသည် သားရဲ့မျက်နှာပေါက်လေးက သူ့အမေနဲ့တစ်ထေရာတည်း..မိဘကပေးစားသောသူဌေးသားတစ်ယောက်ကုိလုံးဝမကြိုက်၍ သာမာန်မိသားစု၏သားLee KiBumနဲ့ ခိုးရာလိုက်ပြေးသူ.. Dorathyကပဲ အားလုံးကူညီပေးခဲ့ရသည်..မဆုံးခင် Louisလေးနှစ်လသာသာ..‌ကလေးမွေးပီးမှသိလိုက်ရသည်မှာ အသဲကင်ဆာ နောက်ဆုံးအဆင့်..
"Dorathyသူငယ်ချင်း..ငါ..ငါလေ ကင်ဆာနောက်ဆုံးအဆင့်တဲ့..ငါ သေရင် ငါ့သားလေးကိုဘယ်လိုလုပ်ရပါ့မလဲ..ဒီကလေးအပေါ် ငါတာဝန်မကျေနိုင်တော့ရင် ဘယ်လိုလုပ်ရပါ့မလဲဟာ..ငါက ငါတို့Taeyongလေးကို လူကောင်းသူကောင်းတွေရှိတဲ့ ပတ်ဝန်းကျင်ကောင်းမှာ ကြီးပြင်းစေချင်တာ..ငါသေသွားရင် အဲလိုလုပ်ပေးမဲ့သူရှိမှာမဟုတ်ဘူး..ငါ့အဖေသိရင် ဒီကလေးကိုပါသတ်လိမ့်မယ်..
ငါ ငါဘယ်လိုလုပ်ရပါ့မလဲနော်"..
Dorathyသူငယ်ချင်းကိုဖက်ပီး ငိုချလိုက်သည်..သူမကူညီရမည် ..အတတ်ဆုံးကူညီခြင်းမှာ သူမ ဒီကလေးကိုမွေးစားရမည်..
"နင်စိတ်မပူနဲ့Chaeun, ငါ သားလေးကိုစောင့်ရှောက်ပေးပါ့မယ်..လောလောဆယ်
နင့်ကျန်းမာရေးကိုပဲဂရုစိုက်".."ကျေးဇူးပါပဲ
Dorathy,နင်နဲ့ဆိုရင် ငါစိတ်ချပါတယ်..
ငါတို့Lee Taeyongမင်းသားလေး..
အန်တီDorathyလက်ထဲမှာ ကောင်းကောင်းကြီးပြင်းလာရမယ်နော်..အမေ့ကိုခွင့်လွတ်ပါလို့အမေမတောင်းဆိုပါဘူး..ဒါပေမဲ့သားကောင်းကောင်းမွန်မ‌ွန်ရှိရင် အိုမားကျေနပ်ပါပီ"..
တစ်ပါတ်လောက်ကြာတော့ Chaeunဆုံးသည်..LeeKiBumလည်းChaeun အဖေလက်ချက်နဲ့ ဆုံးသွားရရှာသည်..
Taeyongလေးကိုပါ လိုက်သတ်ရန် ကြံစည်သဖြင့် ခလေးကိုခေါ်ကာ Parisသို့ အမြန်ပြေးခဲ့ရသည်.. Korean Nameနှင့်နေလျှင် ဒီကလေးအသက်ရှင်မည်မဟုတ်..ထို့‌ေြကာင့်
Dorathy Visonရဲ့သားLouis Visonအဖြစ်
နာမည်ပြောင်းခဲ့သည်..ကလေးကိုတော့
ဘာမှမပါတ်သတ်စေချင်ပါ...ဒီကလေးမှာဘာအပြစ်ရှိလို့လဲ..ဪ သနားစရာ မိသားစုလေး နောင်ဘဝကျ ပျော်စရာမိသားစုအဖြစ် တွေ့ဆုံကြဖို့ ငါမျှော်လင့်ပါတယ်Chaeun။

Heaven Where stories live. Discover now