မိုးတွေသဲကြီးမဲကြီးရွာနေတာမို့ ရှေ့ကလမ်းကိုတောင်ကေညင်းကောင်းမမြင်ရပါ။မောင်းလာသည့်လမ်းတစ်လျှောက်ဒေါသအကြီးအကျယ်ထွက်နေတာလဲပါမည်။
အရာရာတိုင်းကိုအကောင်းမမြင်နိုင်ပါ...ထိုအချိန်တိကနဲရပ်သွားသည့်ကားကြောင့် အော်သာဆဲမိသည်။
"F**kပဲဟ့..သောက်ကျိုးနည်းပါလားကွာ"
မိုးကလဲရွာ ကားကလဲပျက် ဘယ်လိုတောင်ကံဆိုးမှုကြီးလဲ။မြို့ ပြင်မှာပဲရှိသေးတာမို့ မြို့အဝင်လမ်းနဲ့ကလဲ ဝေးနေသေးသည်။ဖုန်းဆက်ဖို့လုပ်ပြန်တော့လဲ ဆက်သွယ်မှုဧရိယာပြင်ပ ကနေမတက်နိုင်တာမို့ ဒေါသပိုကြွလာရသည်။
"သောက်ရေးမပါတဲ့မြေကွက်ကြောင့်နဲ့ ငါ့အချိန်တွေပုတ်ကုန်ပြီး....
လခွမ်း!!!"ဒေါက်!!ဒေါက်
ကားမှန်ကိုလာခေါက်တဲ့ လက်သေးသေးလေးတွေကြောင့် လန့်သွားရသည်။လူလူချင်းဆိုကိုယ်ချသူချဆိုပေမဲ့..သရဲကမရဘူးမလား။
အခုဟာကကိုယ်ကလဲ ဟိုင်းဝေးလမ်းမြို့ပြင်လမ်းမကြီးမှာဆိုတော့ သရဲအခြောက်ခံရတာတော့မဟုတ်ဘူးမှတ်လား..
ကျွီ..
"ဟင် ကလေးလေး!!"မိုးရွာတွေစိုရွဲနေသော ပန်းနုရောင်ပေါက်လေး...မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်နေကာ ရေစိုနေတဲ့ဆံစလေးတွေဟာ မျက်နှာလေးပေါ်ကျနေသည်။
အကောင်သေးသေးလေးဖြစ်အောင်ကျုံ့ထားပြီးကားတံခါးဘေးထိုင်နေသည်။
ဂျွန်ဂျောင်ဂုတို့က လူကသာခပ်ဂျစ်ဂျစ်နဲ့ဆိုးရင်ဆိုးမယ်..စာနာစိတ်တော့အပြည့်ရှိသည်။လူပမယ်ကလေးတစ်ယောက်ကို မိုးရွာထဲပစ်ထားရအောင် လူစိတ်မမဲ့ပါ။
"ဟိုအသေးလေး..ကားပေါ်တက်ခဲ့"
အော်ပြောလိုက်တော့ အပြေးလေးသူ့ပေါင်ပေါ်တက်လာသည်။ကလေးက လူခင်တက်တာပဲ..အကြောက်အလန့်မရှိတက်လာသည်။
YOU ARE READING
De Todoငါရဲ့မွေးစားအဖေက ငါ့ကိုမွေးပြီးစားချင်နေတာ