ဖြောင်း
"ဒါကောက်သုံးမကျတဲ့နင့်အတွက်"
"...."
"ဟက် နင်ကနင့်အဖေလိုပဲလူပုံကြည့်တော့အေးတိအေးစက်နဲ့ အတွင်းကောက်ကျစ်တဲ့ဟာတွေ ငါနင့်ကိုအရမ်းမုန်းတာပဲသိလား Roseanne park"
နားထဲမှာအထပ်ထပ်ပဲ့တင်နေတယ်။အဲ့စကားတွေ။တစ်ခါမဟုတ်ပြောဖူးပင်မယ့် အဲ့စကားတစ်ခွန်းကြားတိုင်းကျွန်မသေလောက်အောင်သိပ်နာကျင်ရတယ်။ မုန်းတယ်တဲ့!!
ပြောတဲ့သူကလဲ ကျွန်မအမေအရင်းတဲ့လား။"ခွင့်ပြုပါဦး အမေ"
"ခွင့်တောင်းစရာမလိုဘူး ဒီအိမ်ကလဲနင့်ကိုဘယ်တော့မှမကြိုဆိုဘူးဆိုတာမှတ်ထား အော်ပြီးတော့နင်ငါ့ကိုအမေလို့ခေါ်စရာမလိုဘူး ကြားလား"
ပြေးထွက်လာခဲ့တယ်။ဒီနေရာမှာကျွန်မဆက်နေရင် အမေပဲစိတ်ပင်ပန်းရမှာ။ပြီးတော့ကျွန်မကအမေမကြိုဆိုပဲမွေးလာတဲ့သမီး။
-----------------------
အဖေနဲ့အမေစတွေ့ခဲ့တဲ့ပန်းခြံလေးဆီလာခဲ့တယ်ဒီနေရာကကျွန်မအတွက်အအေးချမ်းဆုံးနေရာလေ။"ဟိတ်လူ"
ကျွန်မထိုင်နေတဲ့အနောက်ဖက်ဘက်ကအသံသေး"လေးတစ်သံထွက်လာခဲ့တယ်။
"ရော့"
လက်ကိုင်ပဝါလေးတစ်ခုပေးလာတယ်။
"မလိုဘူး"
ကျွန်မခပ်ပြတ်"ပဲပြန်ပြောလိုက်တယ်။ကျွန်မကဘယ်သူနဲ့မှအရောဝင်ရတာမကြိုက်တဲ့သူလေ။
"မလိုလဲယူ စိတ်ကျေနပ်တဲ့ထိငိုချပလိုက်နော်ဘယ်အရာမဆိုမြိုသိပ်ထားတာမကောင်းဘူး ဟိတ်လူရဲ့"
ကျွန်မလက်ထဲလက်ကိုင်ပဝါလေးအတင်းထည့်ပြီးပြေးထွက်သွားတဲ့ ဟူဒီအညိုရောင်နဲ့အသေးလုံးလေး။