Part-1

246 27 2
                                    

ဖြောင်း

"ဒါက‌ောက်သုံးမကျတဲ့နင့်အတွက်"

"...."

"ဟက် နင်ကနင့်အဖေလိုပဲလူပုံကြည့်တော့အေးတိအေးစက်နဲ့ အတွင်းကောက်ကျစ်တဲ့ဟာတွေ ငါနင့်ကိုအရမ်းမုန်းတာပဲသိလား Roseanne park"

နားထဲမှာအထပ်ထပ်ပဲ့တင်နေတယ်။အဲ့စကားတွေ။တစ်ခါမဟုတ်ပြောဖူးပင်မယ့် အဲ့စကားတစ်ခွန်းကြားတိုင်းကျွန်မသေလောက်အောင်သိပ်နာကျင်ရတယ်။ မုန်းတယ်တဲ့!!
ပြောတဲ့သူကလဲ ကျွန်မအမေအရင်းတဲ့လား။

"ခွင့်ပြုပါဦး အမေ"

"ခွင့်တောင်းစရာမလိုဘူး ဒီအိမ်ကလဲနင့်ကိုဘယ်တော့မှမကြိုဆိုဘူး‌ဆိုတာမှတ်ထား အော်ပြီးတော့နင်ငါ့ကိုအမေလို့ခေါ်စရာမလိုဘူး ကြားလား"

ပြေးထွက်လာခဲ့တယ်။ဒီနေရာမှာကျွန်မဆက်နေရင် အမေပဲစိတ်ပင်ပန်းရမှာ။ပြီးတော့ကျွန်မကအမေမကြိုဆိုပဲမွေးလာတဲ့သမီး။
-----------------------
အဖေနဲ့အမေစတွေ့ခဲ့တဲ့ပန်းခြံလေးဆီလာခဲ့တယ်ဒီနေရာကကျွန်မအတွက်အအေးချမ်းဆုံးနေရာလေ။

"ဟိတ်လူ"

ကျွန်မထိုင်နေတဲ့အနောက်ဖက်ဘက်ကအသံသေး"လေးတစ်သံထွက်လာခဲ့တယ်။

"ရော့"

လက်ကိုင်ပဝါလေးတစ်ခုပေးလာတယ်။

"မလိုဘူး"

ကျွန်မခပ်ပြတ်"ပဲပြန်ပြောလိုက်တယ်။ကျွန်မကဘယ်သူနဲ့မှအရောဝင်ရတာမကြိုက်တဲ့သူလေ။

"မလိုလဲယူ စိတ်ကျေနပ်တဲ့ထိငိုချပလိုက်နော်ဘယ်အရာမဆိုမြိုသိပ်ထားတာမကောင်းဘူး ဟိတ်လူရဲ့"

ကျွန်မလက်ထဲလက်ကိုင်ပဝါလေးအတင်းထည့်ပြီးပြေးထွက်သွားတဲ့ ဟူဒီအညိုရောင်နဲ့အသေးလုံးလေး။

Proof of meeknessWhere stories live. Discover now