အသက် ၃၀အရွယ်ဆိုတာ မငယ်တော့တဲ့အရွယ်ပေမယ့် အရမ်းကြီးကြီးရင့်နေတာလည်းမဟုတ်ပြန်ပါဘူး။ ဒါပေမယ့် အသက်၃၀အရွယ် ဂျောင်ကုကတော့ တစ်ယောက်တည်းအိမ်မှာအဖော်မဲ့နေရတယ်။
အကြောင်းရင်းက ဂျောင်ကုခြေထောက်နှစ်ဖက်လုံးက လှုပ်ရှား၍မရတော့လို့။
အသက်၂၅နှစ်အရွယ်မှာ ကားမတော်တဆဖြစ်ပြီး အောက်ပိုင်းသေသွားရတဲ့ေဂျာင်ကုဟာ လောကကြီးကိုတစ်ကယ်စိတ်ကုန်နေပါသည်။ ဒါကြောင့်တစ်ခါတစ်လေ လောကကြီးကထွက်ခွာသွားလိုစိတ်တွေ ပြင်းပြမိတယ်။
ဒါပေမယ့် အဖန်ငါးရာ ငါးကမ္ဘာနောက်ဆက်တွဲကြီးကြောင့် လောကကြီးကနေ ကိုယ့်လက်နဲ့ကိုယ်မသေဆုံးခြင်ပြန်ဘူး။
ဒါကြောင့် သဘာဝအတိုင်းသေဆုံးမယ့်ရက်များကို လက်ချိုးရည်တွက်ရင်း ရက်မှ လပင်မက နှစ်များပင်တိုင်ခဲ့ပြီ။
" သားဂျွန်"
အိပ်ခန်းထဲက ဝီးချဲပေါ်မှာငြိမ်သက်စွာထိုင်နေသည့် ဂျောင်ကုကိုခေါ်ပြီးဝင်လာသည့်ommaကို ommaမော့ကြည့်ပြီးထူးသည်။
" ဗျာomma "
" ဒီနေ့နေသာတယ်သားရဲ့။ ဒါကြောင့် ommaတို့ခြံထဲသွားကြရအောင်..."
" မသွားချင်ပါဘူးommaရယ်။ သြားလဲ ဘားမှမလုပ်နိုင်ပဲ ဒီဝီးချဲကြီးပေါ်မှာငြိမ်ပြီးထိုင်နေရတဲ့ဟာ..."
" ဒါပေမယ့်သားရယ် ခြံထဲမှာဆိုတော့ လေကောင်းလေသန့်ရပြီးသားစိတ်ကြည်တာပေါ့.."
ဒီလိုနဲ့ေဂျာင်ကုဟာ ommaရဲ့ခေါ်ဆောင်မှုကြောင့် ခြံထဲကိုရောက်လာခဲ့သည်။
ခြံထဲမှာတော့ ommaစိတ်တိုင်းကျ ပြုစုပျိုးထောင်ထားသည့် သစ်ပင်ပန်းပင်များ။
" သား ဒီအပင်ရိပ်ကြီးအောက်မှာနေဦးနော်..။ Ommaသားစားဖို့ တစ်ခုခုသွားယူလိုက်ဦးမယ်.."
ဂျောင်ကုဟာေဂျာင်ကုကို ခြံထဲရှိသစ်ပင်ရိပ်ကြီးတစ်ခုမှာထားကာ အိမ်ထဲပြန်ဝင်သွားခဲ့တာကြောင့် ဂျောင်ကုတစ်ယောက်တည်း ဝီးချဲကြီးနဲ့ သစ်ပင်အရိပ်အောက်မှာ။
ခြေထောက်တွေမလှုပ်ရှားနိုင်လို့ အခန်းထဲမှာအဖော်မဲ့နေသည့်ေဂျာင်ကုဟာ သစ်ပင်ရိပ်အောက်ကသဘာဝလေတွေကြောင့် အနည်းငယ်လန်းဆန်းစွားခဲ့ရသည်။