ဦးရဲ့ကလေးငယ်

1.2K 126 4
                                    

ကိုရီးယားမှာ Top 1 အဖြစ်ရပ်တည်နေတဲ့ Jeon Companyရဲ့ CEO ဂျောင်ကုဟာ အရာရာမှာတိကျပြက်သားသလောက် သူ့အသည်းကျော် ကလေးလေးနဲ့ပတ်သက်ရင်တော့ အမြဲတမ်း အရှူံးပေးထားပါတယ်

10နှစ်ကျော်ငယ်တဲ့ သူ့အသက်လေးကို အရမ်းလည်းချစ်ပါတယ်

လက်ထပ်ထားတာ၂နှစ်လောက်ရှိပြီဖြစ်သော်လည်းခုထိ အချစ်ရော့တဲ့နေ့ဟူ၍မရှိ ပိုတိုး၍သာချစ်လာရတယ်

*ဦးရေ ဦး ဘယ်ရောက်နေတာလည်း ကလေး ခေါ်နေတယ်လေဗျာ*

ကုတင်ပေါ်မှာစောင်တွေနဲ့လုံးထွေးနေသောအကောင်ပေါက်လေး မျက်လုံး၂လုံးဖွင့်တာနဲ့စရှာတာကသူ့ယောက်ျားဦးကိုသာ

ဂျောင်ကုကလေးအသံကြားတာနဲ့ မနက်စာစားဖို့ပြင်နေတဲ့ ထမင်းကြော်အိုးကို ဘေးချကာ

အပေါ်ထပ်အမြန်ပြန်တက်လာရတော့တယ်

*ကလေးငယ်နိုးပြီလား ဦးမနက်စာပြင်နေတာ*

*ဟင့်ဟင့် ဦးက ကလေးနိုးချိန် အနားမရှိတော့ဝမ်းနည်းတာပေါ့လို့ဟင့်*

*မငိုပါနဲ့ ဦးက ကလေးအတွက်မနက်စာပြင်နေတာလေ*

*ကလေးနိုးမှပြင်လည်းရတာကို ဟင့်
ဦးကကလေးစကားကိုဆိုနားမထောင်ဘူး
မနက်တိုင်းပြောနေလည်း ဒီတိုင်းပဲဟင့်*

*ကလေးမျက်ရည်တွေကတန်ဖိုးကြီးပါတယ် မငိုပါနဲ့နော် ဦးခံစားရလို့ပါ
ကလေးမှာအစာအိမ်ရှိတယ်လေ နိုးလို့ ဗိုက်စာရင် အချိန်မမှီမှာဦးဆိုးတယ်လေ ဒါကြောင့်ကြိုပြင်ထားရတာပါစိတ်မကောက်နဲ့နော်ကလေး*

*ဦးကပြောလိုက်ရင် ဒီတိုင်းပဲ ကလေးကို ကလေးလို မဆက်ဆံလို့မရဘူးလားဟင်
ကလေးအသက်၂၀ဖြစ်နေပြီလို့*

*ဟောကြည့် ကလေးလို မဆက်ဆံနဲ့သာပြောတာ ကလေးကိုယ် ကလေးကြ ကလေးလို့သုံးနေပြီးတော့*

*ဒါကအကျင့်ပါနေလို့လေ ကလေးလည်း ဦးကိုတခါလောက်တော့ ကလေးလက်ရာလေးစားစေချင်ပါတယ်*

*မလုပ်ပါနဲ့ခလေးရယ် ဦးက ကလေးရဲ့ လက်နုနု လေးတွေကို ဘာမှတောင်ကိုင်စေချင်တာမဟုတ်ဘူး*

*ဦးက ကလေးကို ၁၀လ သားလေးမှတ်နေတာလား*

*မဟုတ်ရပါဘူးကွာ ဦးက ကလေးကိုမပင်ပန်းစေချင်လို့ပါ*

JINKOOK One Short CollectionsWhere stories live. Discover now