"ညီထွေးခရီးထွက်ချင်လား "
"သွားချင်ပါတယ် ကိုကိိုကြီးရဲ့ ညီထွေးလည်း အိမ်မှာပျင်းနေတာ"
"သားကြီးကဘယ်ကိုခရီးထွက်မလို့လဲ"
ညီအကိုနှစ်ယောက်ရဲ့စကားဝိုင်းကိုဒေါ်လှရီကဝင်ထောက်လိုက်သည်။ သည်ညီအကိုတွေသူ့ဖခင်မရှိကတည်းကခရီးတွေတောင်အတူတူမထွက်ရတာကြာလှပြီပကောလား။
"ဟို သွားရမှာက ရှမ်းပြည်နယ်စပ်ဘက်ပါမေမေ ဒါပေသည့် ကျွန်တော်မလိုက်ဘူးမေမေ ကျွန်တော်က ပြည်ဘက်မှာ ဓားပြတိုက်မှုအပြင် လူသတ်မှုပါဖြစ်လာလို့ ကျွန်တော်သွားစစ်ဆေးစရာတွေရှိလို့"
သားကြီးအပြောကို ဒေါ်လှရီကကော်ဖီသောက်ရင်းခေါင်းတငြိမ့်ငြိမ့်နှင့်နားထောင်နေလေသည်။
"ဒါဆိုထွေးကဘယ်သူနဲ့သွားရမှာလဲကိုကိုကြီး"
အထွေးလေးကကြားကဖြတ်မေးလိုက်ခြင်းဖြစ်သည်။
"အနဂ္ဂမောင်နဲ့လေ"
"ဒါဆိုမလိုက်တော့ဘူးကိုကိုကြီး"
"ဟမ်...ဘာလို့လဲညီထွေးရဲ့"
"သားအဲ့လူကြီးနဲ့မျက်နှာချင်းမဆိုင်ချင်ဘူး"
ပြောရင်းနှုတ်ခမ်းလေးပါစူလာသောညီဖြစ်သူကိုယုမောင်လည်းအသည်းယားစွာ ပါးလေးပြေးညှစ်လိုက်သည်။
"အနဂ္ဂမောင်က စနောက်လွန်းလို့ထင်တယ်။
သူကကိုကိုကြီးညီထွေးလေးတစ်ယောက်ကိုပဲစနောက်တတ်တာ ....။ တကယ်ဆို သူကိုအရောတဝင်ရှိချင်တဲ့သူတွေမှအများကြီးရယ်ဒါညီထွေးကံကောင်းတာ"ဟုတ်ပါသည်။သူ့သူငယ်ချင်းမို့သူပြောတာမဟုတ်။အနဂ္ဂမောင်ဆိုတာက နာမည်တစ်လုံးနှင့်။ကောလိပ်မှာကတည်းက နာမည်ရှိသည်။ဘာမထီမြန်မာပြည်ဖွားဆိုပြီးနာမည်တစ်လုံးတည်းနှင့်နေသည်။
ယခုသူမြို့အုပ်မင်း ဖြစ်တော့လည်းသူ့ကိုခယချင်သောဝန်ကြီးတွေ ဝန်ထောက်တွေမှအများကြီးပင်။ဒါကိုတောင်သူကဂရုမစိုက်အဖတ်မလုပ်ပေ။
သူကိုလိုချင်သောနှုတ်ခမ်းနီမလေးတွေမှာလည်းတောင်လိုပုံလို့ပင်။ဒါကိုတောင်ဂရုမစိုက်ပဲသူ့ညီလေးညီထွေးကိုမှ စနောက်ပြီးခင်မင်မှုယူနေလဲ ယုမောင်တစ်ယောက်စဥ်းစားမရတော့ပါ။
YOU ARE READING
ချစ်သော "ထွေး" (Complete)
Romance"ထွေးမြို့အုပ်မင်းကတော်မလုပ်ချင်ဘူးလားဟင်" "မျက်နှာရူးမြို့အုပ်မင်း"