💜Part 30💜

17.9K 1.5K 37
                                    

"ဦးဘမှိုင်းရေ ခြံအနောက်က ခြံစည်းကနည်းနည်းပျက်နေတာလေးပြင်ထားပါအုံး။
နောက်ပြီး အိမ်အနောက်ဘက်က အုတ်တစ်ချို့ကလည်းပျက်နေတာလေးပြင်ပေးပါ"

"ဟုတ်ကဲ့ဆရာ"

"နောက်ပြီးတော့လေအဲ့တာတွေပြင်ရင်သူ့ရဲ့ရှေးမူလက်ရာမပျက်စေနဲ့လို့လက်သမားဆရာကိုသေချာပြောပေးပါဗျာ။ ဘိုးဘွားလက်ထက်ကတည်းကဆောက်ထားတာဆိုတော့မပျက်စီးစေချင်လို့"

"ကောင်းပါပြီဆရာ ဦးကြီးအကောင်းဆုံးလုပ်ထားပေးပါ့မယ်"

"အဲ့တာဆိုကျွန်တော်တို့သွားတော့မယ်ဗျာ လမ်းခရီးကရာသီဥတုနဲ့သိပ်မကောင်းလို့"

"ဟုတ်ကဲ့ပါဆရာ"

အနဂ္ဂမောင်လည်းပြောပြီး ကားပေါ်သို့တတ်လိုက်သည်။ မနက်ကစောစောထရလို့နှုတ်ခမ်းဆူကာစိတ်ကောက်နေသော ကလေးဆိုးကယခုတော့ဖြင့်ကားပေါ်မှာအိပ်ပျော်လို့။

အနဂ္ဂမောင်လည်းအသည်းယား၍ပါးလေးကိုတစ်ချက်ဖစ်လိုက်ကာ ကားလေးကိုမောင်းထွက်လာခဲ့သည်။

သူတို့ရန်ကုန်မပြန်ခင် မန္တလေးလည်းဝင်ဦးမည်ဟုတေးမှတ်ထားလိုက်သည်။

*****
"အင်းယားရေကိုယူ....အင်းယားရေကိုယူ....
မီးရထားနဲ့တင်ပို့ပြန်တယ်....
တန်ဆာခကသုံးရာလောက်တော့...
ယူမှာ...ဧကန်.....
ကြံကြံဖန်ဖန်ရန်ကုန်သူ....
မန္တလာမြင့်တို့ရန်ကုန်သူ.....
မန္တလေးသွားလို့ အသားမဲပြန်သတဲ့....ဆူ"

ရေဒီယိုကတဂျစ်ဂျစ်သီချင်းသံကြောင့်ထွေးအိပ်​နေရာမှနိုးလာခဲ့သည်။

ဘေးကိုကြည့်တော့ကိုမောင်က ကားကိုဂရုစိုက်မောင်းနေသည်။

ရာသီဥတုကနေပူ၍ပူအိုက်မှုကိုခံစားရသည်။ကားတံခါးဖွင့်ထားတာတောင်လေပူနွေးများတိုက်ခတ်မှုကြောင့်သူသိလိုက်ပါသည်။မေမြို့ကနေဆင်းလာပြီဆိုတာ။

"ဗိုက်ဆာနေပြီလားထွေး"

"ဟင့်အင်း"

"ကိုတို့မန္တလေးမှာခဏဝင်ရအောင်နော်"

"ဟုတ်"

ထို့နောက်ရေဒီယိုကလာနေသောသီချင်းသံလေးကိုနားထောင်ရင်းပတ်ဝန်းကျင်ကိုငေးကြည့်နေလိုက်သည်။

ချစ်သော "ထွေး" (Complete)Where stories live. Discover now