ဟာသဆန်စွာ မေ့လျော့ခံရခြင်း (Heejay)

910 68 21
                                    

(Unicode)

အညိုရောင်တွေအပြည့်နဲ့ ချယ်လှယ်ထားခဲ့တဲ့ ကော်ဖီဆိုင်လေးက ဒီနေ့မှ ပိုပြီး အဆွေးဆန်နေသယောင်။

အညိုရောင်ကိုမြင်တိုင်း အညိုရောင်ကို သဘောမကျတဲ့ကောင်လေးကို သူပိုသတိရမိသည်။ အညိုရောင်မြင်တိုင်း တွန့်ချိုးသွားတတ်သည့် မျက်ခုံးနက်နက်လေးတွေကို တန်းတမိသည်။

ဒါပေမဲ့ ခုအညိုရောင်အပြည့်စီချယ်ထားသည့်ကော်ဖီဆိုင်လေးက ထိုအမျိုးသားလေးနဲ့ သူအတူတူ ထိုင်နေကြဆိုင်လေးပင်။

သူ ထိုင်နေကြနေရာလေးကို သွားကာ မှာနေကြ Mocha Coffeeလေးကို မှာလိုက်သည်။

အမှန်တကယ်တော့ သူက ခါးသီးသည့် အရသာကို နှစ်သက်သည်။ သို့သော် ထိုအမျိုးသားလေး သူ့ဘဝထဲက ထွက်သွားပြီးကတည်းက Mocha Coffee ကိုသာ သောက်ဖြစ်တော့သည်။

မျက်စိရှေ့က အငွေ့တထောင်းထောင်းနဲ့ ကော်ဖီခွက်လေးကို ကိုင်ကာ တစ်ငုံ သောက်လိုက်သည်။ ပါးစပ်ထဲသို့ ဝင်သည်နှင့် ခပ်ချိုချိုအရသာက အလူးအလဲတိုးဝင်လာသည်။ တစ်ငုံသာသောက်ပြီး ကော်ဖီခွက်ကို ပြန်ချထားလိုက်သည်။ ၂နှစ်ပြည့်တော့မယ်၊ သူ ထားသွားတာ ၂နှစ်ပင် ပြည့်တော့မယ်။ သူ ထားသွားကတည်းက သောက်လာခဲ့တဲ့ ဒီကော်ဖီအရသာက ခုထိ သူ့အတွက် အစိမ်းသက်သက်ပင်။

ထိုအမျိုးသားလေးက သူနဲ့ ဆန့်ကျင်စွာ ခါးသက်သည့်အရာတွေကို မုန်းသည်တဲ့လေ။ ကော်ဖီတောင်မကြိုက်သည့်ကောင်လေးလေ။ အာ့ကြောင့် သူမတတ်သာလို့ ဒီကိုလိုက်လာရတိုင်း ခုလို အချိုကဲသည့်အရသာပါသည့် Mocha Coffeeကိုသာ သောက်လေ့ရှိသည်။ ဒါတောင် မတတ်သာ၍သာ။

ပြိုတော့မယောင် ကောင်းကင်ကြီးက တဖြည်းဖြည်း မည်းနက်လာပြီး အမှတ်မထင်မိုးရွာချလာလေသည်။ သူဒီမလာခင်လေးထိ ကြည်လင်နေခဲ့သေးတာကို။

သူအရင်က မိုးရွာတာကို သဘောမကျပေ။ သို့သော် ထိုအမျိုးသားလေးကတော့ မိုးရွာတာကို ရူးမတတ်သဘောကျသည်တဲ့လေ။ မိုးရွာရင် ကလေးလို ခုန်ပေါက်ပြီး မိုးထဲသွားတတ်လွန်းလို့ သူလိုက်ဆွဲရတာက အမောမလား။

If you want to (Enhypen )Where stories live. Discover now