(Unicode)
လူတစ်ယောက်က လူတစ်ယောက်ကို ငေးကြည့်နေရတာကို သဘောကျတာမျိုးဆိုတာ ဖြစ်နိုင်မလား။
သေချာပေါက်ဖြစ်နိုင်တာပေါ့၊ သူကိုယ်တိုင်ဟာလဲ ထိုခံစားချက်ကို အတိကျသိနေတဲ့သူတစ်ယောက်ပဲလေ။
သူဟာ လူတစ်ယောက်ကို ငေးကြည့်နေရတာ သဘောကျတယ်။ အဲ့လူပြန်မငှဲ့ကြည့်တိုင်း နာကျင်ရပေမဲ့ပေါ့။
•••
"Sunooစောင့်ဦးလေကွာ"
"အာ Jake Hyung ရာ၊ ကျွန်တော့်ကလေးဆီ ဒါကို အမှီသွားပေးရအုန်းမှာဗျ"
Sunooလက်ထဲတွင်တော့ လက်တစ်ပြားစာ Banana milkလေးနှင့် အစာလွတ်ပေါင်မုန့်ထုပ်လေး တစ်ထုပ်။
Sunooက မပြေးရုံတမယ် လမ်းလျှောက်တော့ နောက်က Jakeလဲ ထိုအတိုင်းလိုက်လာရသည်။ အားကစားရုံသို့သွားသည့်လမ်းချိုးကိုရောက်တော့မှ သူတို့ လူချင်းခွဲကြတော့သည်။
"တာ့တာ၊ အခန်းထဲမှာ ပြန်တွေ့မယ်"
သူ့ကို နှုတ်ဆက်ပြီး အားကစားရုံဘက်ကို ချိုးဝင်သွားသည့် Sunooကိုကြည့်ပြီး သူ့မှာ ခေါင်းခါရုံပဲ တတ်နိုင်သည်။ တတ်လည်းတတ်နိုင်တဲ့ကောင်လေး။
တကယ်ဆို သူက Sunooထပ်တစ်နှစ်ကြီးသည်မလား။ နိုင်ငံခြားမှပြောင်းလာသော Jakeသည် ကျောင်းတစ်နှစ်အောက်သွားသဖြင့် Sunooနဲ့ အတန်းတူသွားရသည်။
Sunooက ထိုကောင်းလေးကို အရူးမူးစွဲလမ်းနေဟန်တူသည်။ Sunooသဘောကျလာတာ စာသင်နှစ်စကတည်း ခုက နှစ်တောင်ကုန်တော့မယ်၊ မထူးခြားသေးပေ။
Kim Sunooတို့က Ni-Kiကို အရူးအမူးဖြစ်နေတာပဲ။ ဟိုကဖြင့် တုတ်တုတ်မှမလုပ်ပဲကို။
Sunooအားကစားရုံနားကို ရောက်လာလေလေ တစ်ဗုန်းဗုန်းနှင့်ဘောလုံးရိုက်သံများက ပိုပြီးပီပြင်လာသည်။
အားကစားရုံထဲမဝင်ခင် လက်ထဲက သူယူလာသောအရာတွေကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်သည်။
ထို့နောက်မှ အားကစားရုံအပေါက်နားလေးတွင်ရပ်ကာ နေလိုက်သည်။ သူ့ကလေးက ဘောလုံးကစားနေတုန်းဖြစ်သဖြင့် သူအနှောက်ယှက်မပေးချင်ပါ။
YOU ARE READING
If you want to (Enhypen )
FanfictionThis is Enhypen Oneshot Collection written in Burmese. If you want to read some OTP,you can ask me.