CHAPTER [6]

617 87 10
                                    

UNICODE

သူရဲဘောကြောင်တဲ့လူ

လှေကားထစ်ပုံ ခုံတန်းအဆင့်ဆင့်ပါတဲ့ စာသင်ခန်းမထဲမှာ ကျောင်းသားအယောက်သုံးဆယ်လောက်က ဟိုတစ်စု ဒီတစ်စု ထိုင်နေကြတယ်။ ငါစာသင်တဲ့အသံကလွဲပြီး တခြားဘာအသံမှ မကြားရဘူး။

ရှန့်မုရှောင်ကတော့ အရှေ့ဆုံးအတန်း၊ အလယ်တည့်တည့်မှာ ထိုင်နေတယ်။ မျက်လုံးတွေက ငါ့ကိုပဲ စာသင်ချိန်တောက်လျှောက် စိုက်ကြည့်နေတာ။ မကြာမကြာ ဘုရားသခင်တစ်ယောက်ပဲ ဘာရေးထားမှန်း သိနိုင်မယ့် စာတွေတော့ ချချရေးနေတာပဲ။ ငါစာသင်တာကို အာရုံစိုက်နေလိုက်တာများ ဟိုနောက်ဆုံးတစ်ခါတုန်းက အတန်းထဲက ကန်ထုတ်ခံလိုက်ရတဲ့ ကောင်လေးမဟုတ်တဲ့အတိုင်းပဲ။

"အခု အမေးအဖြေအချိန်ရောက်ပါပြီ"

ငါလည်း ပါဝါပွိုင့်ကို ပိတ်လိုက်ပြီး ဟောပြောစင်မြင့်ထောင့်နားကို ဝှီးချဲနဲ့ သွားလိုက်တယ်။ ကျောင်းသားတွေကို မျက်နှာမူပြီး

"နားမလည်တာ၊ မေးချင်တာရှိရင် မေးနိုင်ပါတယ်"

လူနည်းနည်းလောက်ပဲ လက်ထောင်ကြတာ။ ရှန့်မုရှောင်လည်း အဲ့ထဲမှာ ပါတယ်။ အလောင်းအစားသတ်မှတ်ချက်အရ ငါ သူ့ကို တမင်ရှောင်နေလို့ မရဘူးလို့ပဲ ပြောထားတာလေ။ သူ စာမေးဖို့ လက်ထောင်တာနဲ့ ငါ သူ့ကို ရွေးပါ့မယ်လို့ ကတိပေးထားတာမှ မဟုတ်ဘဲ။ ဘာပဲဖြစ်ဖြစ် သူ စာနဲ့ပတ်သက်တဲ့အတည်ပေါက်မေးခွန်းတွေ မမေးဘူးလို့လည်း ခံစားနေရတာပဲ။

ငါလည်း အေးတိအေးစက်ပဲ သူ့ကို ရှောင်လိုက်ပြီး သူ့အနောက်တန်းက ကျောင်းသားတစ်ယောက်ကို ရွေးလိုက်တယ်။

ရှန့်မုရှောင်က စိတ်ပျက်လက်ပျက်နဲ့ လက်ပြန်ရုတ်လိုက်ပြီး ငါ လက်ညှိုးထိုးလိုက်တဲ့ ကျောင်းသားကို နောက်လှည့်ကြည့်လိုက်တယ်။ ပြီးတာနဲ့ ဗိုလ်ကျခြယ်လှယ်သလို မျက်နှာထားမျိုးနဲ့ ထိုင်ခုံမှာ နောက်မှီထိုင်နေတော့တယ်။

ဘာတွေဖြစ်နေမှန်းမသိတဲ့ ငါရွေးလိုက်တဲ့ ကျောင်းသားကတော့ တစ်ချက်ရွံ့သွားတယ်။ အသံကလည်း တုန်တုန်ယင်ယင်နဲ့ စကားတောင်ထစ်သွားရော။

Eternal Burning 「Mm translation」Where stories live. Discover now