UNICODE
သူက ဘယ်သူသားလဲဆိုတာ သိရဲ့လား?
ခြောက်ကြိမ်မြောက်
"လူသားတွေဟာ မွေးကတည်းက ကံဆိုးနှင့်ပြီးသားလို့ *Schopenhauer က လက်ခံယုံကြည်ခဲ့တယ်.. ကံဆိုးတယ်ဆိုတာ ကိုယ်လိုချင်တာကို မရနိုင်တာ၊ နဂိုရှိပြီးသားဟာတွေနဲ့လည်း မကျေနပ်နိုင်တာ စတဲ့ဖြစ်ရပ်တွေပေါ့.. ပျော်ရွှင်တာ၊ ဝမ်းသာတာ၊ ကျေနပ်တာလိုမျိုး ခံစားချက်တွေကလည်း အာသီသရဲ့ယာယီအဆုံးသတ်တစ်မျိုးပဲတဲ့.. ဘဝရဲ့အရင်းဆုံးအရာက နာကျင်မှု၊ ဗလာဖြစ်မှုနဲ့ စိတ်ပျက်ငြီးငွေ့စရာအခြေအနေတွေပဲ"
[T/N- Schopenhauer က ဂျာမန်အတွေးအခေါ်ပညာရှင်ပါ။ ]
ရီမုတ်ကွန်ထရိုးပေါ်က ခလုတ်ကိုနှိပ်လိုက်တော့ ဟောပြောစင်ပေါ်က ပရော်ဂျက်တာပေါ်မှာ အခုပြောနေတာရဲ့အလားတူကောက်နုတ်ချက်တစ်ခု ပေါ်လာတယ်။
"စာအုပ်ထဲမှာ ရေးထားတာက 'ဆန္ဒနဲ့ ကိုယ်စားပြုခြင်းအဖြစ် သင့်ကမ္ဘာကြီး'တဲ့"
ခုနစ်ကြိမ်မြောက်
"... လိုအင်ဆန္ဒတွေအတွက် ကိုယ်ကိုယ်တိုင် ကြိုးစားရုန်းကန်ရခြင်းက လူရယ်လို့ ဖြစ်လာရခြင်းရဲ့အဓိကအနှစ်သာရပဲ"
မီးရောင်မှိန်မှိန်အောက်မှာ အဲ့ကောင်လေးက သူ့ဖုန်းကို အချိန်ပြည့်ငုံ့ကြည့်နေတာ။
ဆယ်မိနစ်အတွင်း ခေါင်းမော့လိုက်၊ ခေါင်းပြန်ငုံ့လိုက်နဲ့ အလုပ်ရှုပ်နေတာက ဘယ်နှခါမှန်းတောင် မသိတော့ဘူး။ Notification တွေကလည်း တဒေါင်ဒေါင်ပဲ။ ဖုန်းကို စားပွဲပေါ်တင်ထားတော့လည်း vibration အသံကြောင့် စားပွဲတစ်ခုလုံး တုန်နေတော့တယ်။ သူ ဖုန်းဖွင့်ကြည့်ပြီးဘယ်လောက်မှတောင် မကြာသေးဘူး၊ နောက်ထပ်ထပ်မြည်လာပြန်ရော။ သည်းမခံနိုင်စရာကိစ္စမျိုးတော့မဟုတ်ပေမဲ့ ငါ့အတွက်တော့ အာရုံမစိုက်နိုင်အောင် အနှောင့်အယှက်ဖြစ်လွန်းတယ်။
သူ နောက်တစ်ခေါက် ဖုန်းဖွင့်ကြည့်ပြန်ပြီ။ ငါလည်း ဒီတစ်ခေါက်တော့ သည်းညည်းမခံနိုင်တော့ဘူး။ ငါ စာသင်နေတာကို ချက်ချင်းရပ်ပြီး လျှပ်စစ်ဝှီးချဲနဲ့ ဟောပြောစင်ထောင့်ကို သွားလိုက်တယ်။ ပြီးတော့ အဲ့ကောင်လေးကို မျက်နှာသေနဲ့ ကြည့်လိုက်တယ်။
![](https://img.wattpad.com/cover/306461820-288-k169349.jpg)
ESTÁS LEYENDO
Eternal Burning 「Mm translation」
RomanceAuthor : Hui Nan Que | 回南雀 Total Chapters : 78 + 12 extras