(Unicode)
( Suggestion song _ Polaroid Love- Enhypen
နားထောင်မှ ဖြစ်မယ်လို့တော့ မဟုတ်ပါဘူးနော်။ အဲ့သီချင်းလေးကို နားထောင်ရင်း ရလာတဲ့plotလေးမို့ပါ။ )12.05.2022
ညမှောင်မှောင်အခန်းကြီးထဲမှာ မှိန်ပြပြအလင်းလေးသာရှိနေသည်။ နာရီမှလဲ လက်တံတိုနှင့် လက်တံရှည်တထပ်တည်းက ၁ဆိုသည့်နေရာတွင် ညွှန်ပြနေသည်။ အခန်းတွင်းက ခပ်ထူထူမွေ့ယာကြီးပေါ်မှာတော့ ကလေးလေးတစ်ယောက်လို နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ကောင်လေးတစ်ယောက်။ အဖြူရောင်ဆံပင်လေးတွေက ခေါင်းလုံးလေးပေါ်မှတစ်ဆင့် မျက်ခုံးထိပါ ဖျာကာ ဖုံးလျက်။ အိပ်နေရင်းတောင် ပြုံးပြုံးလေးဖြစ်နေသည့်မျက်နှာလေးက နတ်ဘုရားတွေဆီကရခဲတဲ့ ကောင်းခြင်းများနဲ့ပြည့်ဝကာ အစိတ်ပိုင်းတစ်ခုချင်းဆီတောင် ပြီးပြည့်စုံနေသည်။
မကြာပါဘူး၊ စောစောကထိ ပြုံးပြုံးလေးဖြစ်နေသည့်မျက်နှာလေးက ခုများတော့ဖြင့် စူပုတ်လာလေသည်။ အလိုမကျဟန်အပြည့်နဲ့ ကောင်ကလေးက အိပ်ရာထပ်မှ လူးလွန့်လာသည်။
ကောင်ကလေးက အိပ်ရာနံဘေးမှ လွတ်နေသည့်နေရာကို စမ်းရင်း ငုတ်တုတ်ထထိုင်လေသည်။ အလိုမကျတဲ့စူပုတ်ပုတ်မျက်နှာလေးပေါ်ကို ဆံနွယ်ဖြူတွေက အုပ်ကာ ကျနေသည်။ နိုးခါစဖြစ်လို့ကြောင့်လားမသိ၊ ဒါမှမဟုတ် တခြားသောအကြောင်းကြောင့်ရယ်ကြောင့်ရယ်မသိ ကောင်လေးဟာ ကြည်ကြည်လင်လင်မရှိ။
အိပ်ခန်းတွင်းမှ ထွက်ကာ တစ်ဖက်ဘေးခန်းထဲကို ဝင်သည်အထိ ပါးစပ်မှ ခပ်တိုးတိုးရေရွတ်နေသေးသည်။
"ဒီအစ်ကိုကတော့လေ ဒီချိန်ကြီးထိ အလုပ်လုပ်နေပြန်ပြီ"
တံခါးကို ဆွဲဖွင့်လိုက်ကာ Computerရှေ့က ကောင်လေးဆီကို စူအောင့်အောင့်နှင့်သွားလေသည်။
"အစ်ကို ဒီအချိန်ကြီးထိ မအိပ်ပဲဘာလုပ်နေတာလဲ၊ အဲ့လို မလုပ်နဲ့လို့ ပြောပြောနေတာကို စကားကိုနားမထောင်ဘူး"
"ဟာ အစ်ကို့ Kang Miniလေး တရေးနိုးလာပြီလား၊ ဘာလို့လဲ အိပ်မရလို့လား"
YOU ARE READING
If you want to(Cravity)
FanficThis is Cravity Oneshot Collection written in Burmese. If you want to read some OTP,you can ask me.