(၅)ပဋိပက္ခများ စတင်ဖြစ်တည်ခြင်း(၁)

173 27 0
                                    

Unicode

"တအားများတယ်....ဈေးနည်းနည်းလျှော့ပေး ၃လလောက်နေမှာလေ....."

"အာ......"

အိမ်ရှင်အမျိုးသမီးကြီး ကခေါင်းကုပ်ကာ အနည်းငယ် မအီမသာဖြစ်၍နေသည်။

ယွင်ရှီ-"ဖေးယွီ ‌ဈေးထပ်မစစ်နဲ့တော့....ဒီဈေနဲ့ပဲငှားလိုက်တော့....."

"၄ပုံ၁ပုံလျှော့ပေး......"

အမျိုးသမီးကြီးက မျက်နှာသိပ်မကောင်းပေမဲ့ သူမကိုယ်တိုင်ကပင် စီးပွားရေးသိပ်မကောင်းသည်မို့

"ကောင်းပြီး...လျှော့ပေးပါမယ်....အငှားစာချုပ်လေးချုပ်ရအောင်နော်"

"ဒီလိုမှပေါ့ ရှီကော....လာ...."

"........"

သူမက အငှားစာချုပ်ချုပ်ပြီးသည်နှင့် ငွေယူကာထွက်သွားသည်။

ယွင်ရှီက အိမ်တွင်းမှအနံ့အသက်‌များ ထွက်သွားရန်နှင့်အလင်းရောင်ရစေရန် ပြတင်းပေါက်တွေကို ဖွင့်ထုတ်လိုက်သည်။ဖေးယွီက အဝတ်စတစ်ခုကိုဆွဲကာ ဖုန်တက်နေသည့်အရာများကို သုတ်ကူပေးသည်။

ယွင်ရှီအားနာလို့တားပေမဲ့ ဖေးယွီက ခေါင်းမာလွန်းသည်။ထို့ကြောင့် ဒီတိုင်းသာလွှတ်ထားလိုက်သည်။

ကူး~ကူး

အနီးအနားရှိ သစ်ပင်ကြီးများထံမှ ဇီးကွက်အော်သံကို ကြားနေရလေပြီ....နေဝင်သွားခဲ့သည်မှာ နာရီအနည်းငယ်လောက်ကြာမြင့်သွားလေပြီ....

"ဟူး....."

ယွင်ရှီသက်ပြင်းရှည်ကြီး ချလိုက်မိသည်။

ပင်ပန်းလွန်းသည်။သူ့တစ်ကိုယ်လုံးလည်းချွေးနံများ ဖုန်နံ့များဖြင့်နံစော်၍ နေသည်။

"ပြီးသွားပြီလား...."

"အင်း....."

"ကျွန်တော်စည်ပိုင်းတွေကို ရေဖြည့်ထား‌ပေးတယ်....ခင်ဗျား ရေချိုးလိုက်တော့....ကျွန်တော်ပြန်တော့မယ်....."

"အာ...ကောင်းပါပြီ...မင်းကိုကျေးဇူးတင်ပါတယ်....ငါမင်းကို ညစာလိုက်ကျွေးမယ်လေ..."

ဖေးယွီက လက်ကာပြကာ

"ရပါတယ် ကျွန်တော်မှာ ကိစ္စရှိသေးတယ်....ပြန်နှင့်တော့မယ်...."

My Emperor Ge Ge..Where stories live. Discover now