Love ocean

125 21 19
                                    

"ကျွန်မရှင့်ကို မချစ်နိုင်ဘူးလို့ ပြောပြီးပြီလေ"

"Y/n ကိုယ်မင်းကို ချစ်တယ် ကိုယ့်ကို ကျေးဇူပြုပြီး စဉ်းစားပေးပါကွာ နော်"

ဒါပေမယ့် သူမကတော့ လှည့်မကြည့်ပဲ ထွက်သွားလေပြီ

စိတ်ကြိုက် ငြင်းထားလိုက်ပါ y/n မင်းက ကိုယ့်အပိုင်ပဲ ဖြစ်လာမှာပါ စောင့်ကြည့်နေလိုက်

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

"Yoongi yah ဘာလုပ်နေတာလဲ"

"စာဖတ်နေတယ်မမြင်ဘူးလား"

"နင်ကလည်း အမြဲတမ်း ဘုကလန့်
လာ မနက်စာသွားစားမယ် လိုက်ခဲ့"

"အာ စာဖတ်နေပါတယ်ဆို မိy/n ကိုယ့်ဘာသာကိုယ်သွားစား"

"Yoongi လိုက်ခဲ့ပါဆိုဟာ"

"အေးဟာ လိုက်ခဲ့မယ် တကယ်ပဲ အလုပ်ကိုရှုပ်တယ်"

y/n ပြုံးမိသွားသည်သူမသိတာပေါ့ yoongiက ဘယ်လောက် ဘုကလန့်နိုင်နိုင် သူ့စကားတော့နားထောင်မယ်ဆိုတာ

"မင်းတို့နှစ်ယောက်နော် မရိုးသားတော့ဘူး အမြဲ တစ်တွဲတွဲနဲ့ ရည်းစားတွေလား "

Seokjinက ဝင်စလိုက်သည်

Namjoonကတော့ hoseokမျက်နှာ ပျက်သွားမှန်း သတိထားမိတာကြောင့် ဝင်တားလိုက်သည်

"ချာတိတ်ဘာတွေ မေးနေတာလဲ ကိုယ့်ဘာသာကိုယ်နေ"

"ဟွန့်"

"အေး seokjinပြောတာလည်း မှန်တာပဲကို မင်းတို့နှစ်ယောက်က ဘာတွေလဲ"

"ဘာမှမဟုတ်ဘူး သူငယ်ချင်းတွေ ရပြီလား နောက်တစ်ခါ အဲ့လို မစနဲ့ ငါမကြိုက်ဘူး သူငယ်ချင်း အချင်းချင်းကို နောက် အဲ့လို မစပါနဲ့ "

"အေး အေးပါ min yoongiရယ် မင်းကလည်း စိတ်ကြီးပဲ"

"ငါ သန့်စင်ခန်း ခဏသွားဦးမယ်"

"နေမကောင်းဘူးလား y/n"

Jiminက သတိထားမိစွာ ပြောလာသည် ‌

"နေကောင်းပါတယ်ဟ"

တတ်နိုင်သမျှ အပြုံးကို ဆင်မြန်းပြီး နေရာကနေ အမြန်ဆုံး ရှောင်ထွက်ခဲ့သည် မဟုတ်ရင် သူမျက်ရည်တွေကို လွန်ဆန်နိုင်တော့မှာ မဟုတ်ဘူး

love ocean{one shot}Where stories live. Discover now