Chapter 1 Part 9

101 17 0
                                    

    ဒီ စိတ်ကူးယဉ်ကမ္ဘာထဲမှာတောင်မှ ကယ်လ်လဲရီရဲ့ ပရိယာယ်တွေက ဂျပန်ကျောင်း ပဒေသာတစ်ခုထဲကလိုမျိုးပဲ ဆိုတာ ကျွန်မ ဆက်စပ်ပြီး သတိထားမိတယ်။ Revolunion က ဂျပန် ကုမ္ပဏီတစ်ခုကနေ ထုတ်ထားလို့ ဖြစ်လောက်ပါတယ်။

    "ငါက နင့်အပေါ်မှာ ဒီလောက်ဆိုးရွားနေတာတောင် ဘာလို့ တည်ငြိမ်နေနိုင်သေးတာလဲ?"

    "ဆိုးရွားတယ်? ဒါမမလေး ကျွန်မကိုချစ်ကြောင်း မမလေးနည်းနဲ့ ဖော်ပြနေတာမဟုတ်ဘူးလား?"

    "အဲ့လိုမဟုတ်ဘူး!"

    "ဒါဆို ဒါတွေ ဘာလို့လုပ်တာလဲ?"

    "နင်ကဘာလို့ ငါနဲ့ဆို ဒီလောက် ထူးဆန်းနေရတာလဲ?"

    ကယ်လ်လဲရီ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမပုခုံးတွေ အတက်အကျသွားတယ်။ သူမက လုံးဝကိုပဲ အရာအားလုံးကို တုံ့ပြန်နေတတ်တော့ သူမကိုစရတာ အရမ်းပျော်စရာကောင်းစေတယ်!

    "ငါလုပ်သမျှ အရာအားလုံးကို သဘောမပေါက်သေးရင်လည်း ငါနင့်ကို တဲ့တိုးပဲ ပြောတော့မယ်"

    ကယ်လ်လဲရီရဲ့ သူမရဲ့ စူးရှတဲ့ အကြည့်တွေက ကျွန်မကို စိုက်ကြည့်နေတယ်။ ကျွန်မက ပိုးဟပ်နေရာက သူမက ပင်အပ်နေရာကလိုမျိုးပေါ့။

    "အကယ်ဒမီက နင့်လို ခုမှရောက်လာတဲ့ တောသူမတွေအတွက် ပျော်မွေ့နေစရာမဟုတ်ဘူး။ ကိုယ့်နေရာကိုယ်သိပြီး အစေခံအလုပ်သမား ဘ၀ကိုပဲ သွားပြန်နေလိုက်!"

    "ကျွန်မရဲ့ တစ်ခုတည်းသောအလုပ်က မမလေးကို ချစ်နေဖို့ပဲလေ... မဟုတ်ဘူး မမရဲ့ အသုံးတော်ခံလေးပဲလေ"

    "Ugh တော်လောက်ပြီဟာ...."

    သူမမျက်လုံးထဲမှာ မျက်ရည်စတွေ ဖြစ်လာစပြုနေတယ်။

    "မမလေး ကယ်လ်လဲရီ။ နှလုံးသားကို အရှုံးမပေးလိုက်ပါနဲ့။ ဖြေးဖြေးလေးနဲ့ မှန်မှန်လေးပဲ ဒီအားပြိုင်မှုကို အနိုင်ယူလိုက်ပါ"

    "တကယ်ပဲ နင်ဘာတွေစဉ်းစားနေတာလဲဟာ?!"

    ဒေါက်ဖိနပ်မှာ အားထည့်နင်းပြီးတော့ ကယ်လ်လဲရီက အီပြီး ထွက်သွားတယ်။

    "Hmph သူမက အရမ်းကလေးဆန်တာပဲ"

    "ဒီဟာကိုတော့ ကယ်လ်လဲရီနဲ့ ငါ သဘောတူရမယ်"

    မီရှာတောင် အခု သူမဘက်ခြမ်း ပါနေပြီ!

    "အား ဟားဟား။ မမိုက်စမ်းပါနဲ့ မီရှာရယ်"

    "ဘာကိုဆိုလိုချင်တာလဲ"

    "ငါလုပ်နိုင်တာ ဒါအကုန်ပဲလို့ နင်ထင်နေတာ ဟုတ်တယ်မလား?"

    "နင် တစ်စက္ကန့်လောက် တည်တည်ငြိမ်ငြိမ် မနေနိုင်ဘူးလား? နင့် ဒီဘာကြီးမှန်း မသိတဲ့ ဂိမ်းကြီးကို စိတ်မကုန်သေးဘူးလား?"

    "ဟင့်အင်း လုံးဝမကုန်ဘူး"

    ~ End ~

ဗီလိန်မလေး နှင့် ချစ်ကျွမ်းဝင် (ဘာသာပြန်) [Closed Translation]Where stories live. Discover now