အပိုင်း(၁၂)

1K 60 8
                                    

Unicode

ဘုန်းရဲစိတ်မရှည်တော့။သွယ် လွန်လွန်းတယ်။သွယ်လွန်တာ တော်တော်ဆိုးတယ်။သူ့ကိို ပိတ်ရက်မှာလည်း စကားမပြော။လိုင်းတောင်မတက်။ဂမုန်းပွင့်ကပြန်လာတဲ့နေ့တည်းက စကားမပြောဖြစ်တာအခုထိ။၁ရက်၂ရက်လေးဆိုပေမဲ့ ဘုန်းရဲတွက်တော့ ထို၁ရက်၂ရက်က ၂နှစ်လောက်ကြာသည်။

ခုလည်း ဘုန်းရဲအခန်းထဲစရောက်တည်းက သွယ်အဖက်မလုပ်သေး။သွယ့်ဘေးက ထိုင်ခုံကိုအားနဲ့ဆွဲပြီး အသံမြည်အောင်ထိုင်တာကိုတောင် အကြည့်တစ်ချက်မရောက်။စာအုပ်ကိုပဲ သဲကြီးမဲကြီးဖတ်နေတာ လူကိုနည်းနည်းမှဂရုမစိုက်။

အခန်းထဲရှိထိုင်ခုံတွေက အရင်တုန်းက ခုံအတွဲလိုက်ဆိုသော်လည်း ဒီနေ့ဘုန်းရဲအခန်းထဲရောက်တော့ တစ်ခုံစီသီးသန့်ဖြစ်နေတာတွေ့ရသည်။ကျောင်းအုပ်ဆရာကြီး ဘာစိတ်ကူးပေါက်လဲမသိ။

"အဟမ်း"

"......."

"အဟမ်း! သွယ်"

"ပြောလေ ဘုန်းရဲ"

ဘုန်းရဲ အသံကုန်ပြုလိုက်မှသာ စကားသံကြားရသည်။ဒါတောင် ခေါင်းကိုတစ်ချက်မလှည့်။သွယ်ဒီနေ့ ဘုန်းရဲဝယ်ပေးသည့် ခေါင်းစီးကြိုးထဲက လိမ္မော်ရောင်လေးကို ဆံပင်အကုန်စုစည်းထားသဖြင့် မျက်နှာလေးကရှင်းနေသည်။စာအုပ်ကို ဘာဖြစ်လို့လဲ မသိ တစ်ခါတစ်ခါ မျက်မှန်လေးပင့် ပါးစပ်ကပွစိပွစိပြောပုံလေးက တစ်မျိုးလေး အူယားစရာပင်။

"အီးး ဟီးး ငါ့ကလေး ချစ်စရာလေးဟာ စုနဲ့သွန်းဒီမှာကြည့်ပါအုံး"

စုကရှေ့ခုံမှနေ၍နောက်လှည့်ကာ သွယ်နှင့်သွန်းအား ဖုန်းကိုပြသည်။မနေ့က Kinnporsche ep 6ကြည့်ရသည်မို့ စုမှာ တနင်္ဂနွေတစ်နေ့လုံး အဲ့တာထိုင်ကြည့်နေပြီး ဒီနေ့ထိပါ ရောဂါမသေသေး။ဖုန်းကိုကိုင်ကာ တပြုံးပြုံးလုပ်နေသည်။

"နင်တို့ကြည့်ပြီးပြီလား"

"ငါက စနေနေ့တည်းကကြည့်လိုက်တာ"

"ငါက မနေ့ကမှကြည့်တာ"

"ငါဗိုက်ဆာတယ်"

စုက ဗိုက်ကိုလက်နှင့်ပွတ်ကာ သွယ်တို့ကိုပြောလာသည်။

သံသရာစက်ဝန်း(Season 1)(Completed)حيث تعيش القصص. اكتشف الآن