Episode-1 (လေလံပွဲ)

548 24 1
                                    

ရဲအရာရှိ ဦးလေးကြီးက ပြောတယ်။
"ဥပဒေကို ယုံကြည်ပါ။ သူတို့က မင်းဘဝကို ကာကွယ်ပေးလိမ့်မယ်"တဲ့။ ဒါဆို ဘာလို့ မြန်မာ-ထိုင်း နယ်စပ်မှာ တညထက်တည ဖာသည်မတွေ များများလာတာလဲ??

Phon Wen, ဖွန်ဝမ် အခွန်လွတ်စျေးရဲ့ Underground
3 လွှာမှာ လတလရဲ့ လကွယ်ည ရောက်တိုင်း ခန်းနားကြီးကြယ်ပီး သီးသန့်ဆန်တဲ့ လေလံပွဲ 1ခု ကျင်းပလေ့ရှိတယ်။ ဒီပွဲမှာ မင်းစိတ်ကူးထဲက အရာတွေ အားလုံး အမှန်ဖစ်လာ လိမ့်မယ်။ မူးယစ်ဆေးတွေ၊ မိန်းမတွေ၊ မျိုးသုန်းတော့မဲ့ တရိစ္ဆာန်တွေ၊ လက်နက်တွေ၊ ရတနာတွေ ရှေးဟောင်းပစ္စည်းနဲ့ တခြားမှောင်ခို ပစ္စည်းမျိုးစုံပေါ့။

ဘလိုထင်လဲ ခိုးရာပါပစ္စည်းတွေကို ပြန်ဝယ်တဲ့အခါ ဘသူကမှ အခွန်မဆောင်ရဘူးတဲ့။ အော် Security က နှစ်နိုင်ငံ နယ်စပ်ရဲတပ်ဖွဲ့ ၊ ပွဲကျင်းပသူက မာဖီးယားဂိုဏ်း၊ ပရိတ်က အာဏာပိုင် လူချမ်းသာများ ဆိုတော့ ကြည့်ရတာ Justice fairy လဲ ရောင်းစား ခံလိုက်ရပီ
ထင်တာပဲ။

"Hello.....ကျနော် သူမရဲ့ 24k gold အစစ်နဲ့ လုပ်ထားတဲ့ VIP ဝင်ခွင့်ကဒ်ကို စစ်ဆေးပီးတဲ့အခါ မျက်လွှာချပီး ပြုံးလိုက်မိတယ်။"

"ဝင်လို့ရပါပီ မဒမ်....."
"အင်း....."

လတိုင်းတော့ မဟုတ်ပေမဲ့ 3လ တကြိမ်လောက်တော့ကျနော် ဒီဖောက်သည်ကို မြင်ဖူးပါတယ်။ အသက် 30 အရွယ်လောက်ရှိမဲ့ လူချမ်းသာ ဂေါ်ရခါး အမျိုးသမီးပေါ့။ အချိန်တွေ ကြာလာပေမဲ့ သူမရဲ့ ခြေသလုံးထိ
ရှည်လျားဖြောင့်စင်းနေတဲ့ ရွှေရောင်ဆံပင်တို့ကို ကျ
နော် မှတ်မိနေတုန်းပဲ။

ဖျားလျားချထားတဲ့ ဆံပင်ရှည်၊ ကုလားဆင် မျက်နှာပေါက်၊ ပျားရည်ရောင် မျက်ဝန်း၊ ပန်းရောင်သန်း နေတဲ့ အသားရည်နဲ့ နီရဲပါးလွှာတဲ့ နှုတ်ခမ်း 1စုံတို့က သူမရဲ့ လှပခြင်းတွေပေါ့။ But ပြုံးပြလိုက်တဲ့အခါမှာတော့ သူမဟာ နတ်ဆိုးတကောင်ဖစ်မှန်း မင်းသိရလိမ့်မယ်။

ကျနော်သိတာပေါ့ ဘာကြောင့်လဲဆိုတော့ ကျနော်က နှစ်ပေါင်းများစွာ ဒီနေရာမှာ လက်မှတ်ရောင်းပေးနေရတဲ့ အပေါ်စောင့်လေ။ ကျနော်သိတာပေါ့ ဒီလေလံပွဲကို လူကောင်းတွေ မလာဘူးဆိုတာ.......

The Circus Where stories live. Discover now