Episode-2 (Rose Diary-1)

319 24 0
                                    

လူတွေက စိတ်ဓာတ်ကျရင် ဘာလို့ ကိုယ့်လက်ကို ဓားနဲ့ခြစ်လဲ သိပီထင်တယ်။ လူတယောက်ဟာ စိတ်ဓာတ် အကျဆုံးအချိန်မှာ ဘာကိုမှမခံစားရတော့ဘဲ ထုံထိုင်းသွားတယ်။ ဒီအချိန်မှာ နာကြင်မှု pain တခုထဲကသာ အသိသာဆုံး ခံစားချက်ဖစ်လာတယ်။

ကိုယ့်ကိုကိုယ် နာကြင်အောင် လုပ်ခြင်းအားဖြင့် ရင်ထဲက ဒဏ်ရာတွေကို အချိန်တခုထိ ယာယီ သက်သာစေ တယ်လေ။ (ဇာတ်လမ်းသဘောအရ ရေးသားခြင်းပါ။ လိုက်လုပ်ဖို့မဟုတ်ဖူး။ အတုယူ မလွဲမှားစေရန် သတိ ပြုပါ။)

ပိုနာကျဉ်လေလေ ပိုပီးသက်သာ လာလေလေပဲ။ ဒီလိုပဲ Sex လုပ်တဲ့ အခါမှာလဲ တချို့လူတွေက အိပ်ယာပေါ်ရောက်ရင် သူတို့ရဲ့ partner ကို သူတို့ကို နာကြဥ် အောင် လုပ်ဖို့ တောင်းဆိုလေ့ရှိတယ်။

ဥပမာ-လည်ပင်းညှစ်ထားခိုင်းတာမျိုး၊ ကြိုးတုပ်ထားခိုင်းတာမျိုး နဲ့ ခန္ဓာကိုယ်အနှံ့ကို ကြာပွတ်၊ ခါးပတ်တို့နဲ့ ရိုက်ခိုင်းတာမျိုးပေါ့။ ဒီကစပီး BDSM ဆိုတာ ပေါ် ပေါက်လာတယ်။

1999 ခုနှစ်က......

လောကမှာ ကျက်သရေအရှိဆုံး လို့ တင်စားရလောက် တဲ့ အထက်တန်းလွှာ အမျိုးသမီးလေး 1 ယောက်ဟာ သူမရဲ့ 18 နှစ်ပြည့် မွေးနေ့ အတွက် မီးဖိုချောင် ထဲမှာ
Cake ဖုတ်နေတယ်။

ဖြောင့်စင်းပီး ခြေသလုံးအထိ ဖားလျားချထားတဲ့ ရွှေရောင်ဆံပင်တွေ၊ ကုလားဆင်မျက်ဝန်းတို့နဲ့ ပန်းရောင် အသားရည်တို့ဟာ ထို ဂါ်ရခါးအမျိုးသမီးငယ်ကို အင်မတန်မှ လှပစေတယ်။

ကျနော် သူတို့ခြံထဲက 5 စီးမြောက် BMW Saloon ကို ရေဆေးတိုင်း မမလေးကို အမြဲခိုးကြည့်မိတယ်။ သူမရဲ့ အခန်းနဲ့ အလုပ်သမားဆောင်က မျက်စောင်းထိုးလောက် ကျနေတော့ ချောင်းကြည့်ဖို့အတွက် အရမ်းသင့်တော်တယ်။

သူမက တန်ဖိုးကြီးတဲ့ ပန်းကလေးလိုပဲ။ ကျနော် ဘယ်တော့မှ မပိုင်ဆိုင်ရမဲ့ ပန်းကလေးပေါ့။ လောကနိယာမတွေကို ချိုးဖောက်ပီး ကျနော် သူမကိုပိုင်ဆိုင်ချင်တယ်။ သူမ ကျနော့အပိုင်မဖစ်လာခဲ့ရင် နင်းချေပစ် မှာပဲ။

သူမရဲ့ Party ပီးဆုံးသွားတဲ့အခါ ဧည့်သည်တွေအလျှိုလျှိုပြန်သွားတယ်။ သူမတို့လဲ Part ကျင်းပရာ အပန်းဖြေစံအိမ်က နေထိုင်ရာ အိမ်မကြီးကို ပြန်လာကြတယ်။ သူမရဲ့မိဘတွေက ရှေ့ကားထဲမှာ ကျနော့ရဲ့ ရွှေနှင်းဆီလေးကတော့ ကျနော်မောင်းတဲ့ ကားနောက်ခန်းထဲမှာ အိပ်ပျော်နေရှာတယ်။

The Circus Where stories live. Discover now