Cheating alert!!!
ပထမဆုံးအနေနဲ့ပြောချင်တာကတော့ ဘာမှအတုယူချင်စရာမပါပါဘူးဆိုတာပါပဲ ဒီဟာကအရင်ဟာတွေနဲ့ကွဲပါတယ် အရမ်းလည်းကြမ်းပါတယ် ဒါပေမဲ့ ရေးရတာကော ဖတ်ရတာကော အရမ်းအရသာရှိပါတယ် trust me!Might contain smut and yes this is Rated R im not gonna say kids can't read caz me myself is a kid too just keep your problem in your pants also don't take screenshots of spicy parts and reupload!!!
Kwက18ဖြစ်ပြီး Cyက17ပါနော် Euphoriaတို့ Sex Edတို့ Eliteတို့ထဲကလိုအသွားအလာတွေပါပဲ ဒါတွေကြည့်ဘူးတဲ့သူတွေအတွက်တော့ သိပ်ထူးထူးခြားခြားမရှိပါဘူး so u better lower your expectations
Updateကိစ္စကတော့ မလောကြပါနဲ့နော် အကြာကြီးပစ်မထားဘူးလို့ကတိပေးပါတယ် ချစ်ယူအောပါ love&peace✌
__________________________________
လူကုံထံမိသားစုက ကလေးတွေကိုကြည့်ရင်း သူတို့ရဲ့ ဘဝက သိပ်ကောင်းတယ်လို့ တွေးဘူးခဲ့ကြလား? ဒါဆို သူတို့ဘဝက သနားစရာကောင်းလောက်အောင် ပျက်စီးနေတယ်လို့ရော တွေးဘူးကြလား? ဒီနိုင်ငံမှာ အသက်မပြည့်သေးတဲ့ကလေးတွေ မိဘကချမ်းသာတာနဲ့ ထင်တိုင်းကြဲပြီးသားပဲ ပါတီထဲမှာ မူးရူးနေတဲ့ သူတို့တွေမှာ ကုန်းကောက်စရာမကျန်တော့တဲ့ နှလုံးသားအကြေအမွတွေရှိနေနိုင်မလား? တန်ဖိုးကြီးမိတ်ကပ်တွေခြယ်သထားတဲ့ မျက်ဝန်းတွေထဲမှာ ခြောက်ခမ်းသွားတဲ့ မျက်ရည်တွေရှိနေမလား? နိုင့်ထက်စီးနင်းပြောဆိုနေကြတဲ့ နှုတ်ခမ်းတွေမှာရော မပြောပြနိုင်တဲ့ အကြောက်တရားတွေနဲ့ ဖွဲ့သီထားတဲ့ ပုံပြင်တွေရှိနေမယ်လို့ တွေးမိကြလား? လူတစ်ယောက်က ဘယ်တော့မှ မွေးကတည်းက ဆိုးသွမ်းတယ်လို့မရှိဘူးလေ တစ်ခုခုကပြောင်းလဲပေးလိုက်မှသာ ဆိုးသွမ်းကြတာလေ ဒါဆို အစွန်းမှာရောက်နေတဲ့ သူတို့စိတ်ထဲမှာရော ဘာတွေရှိနေမလဲ?
ကောင်းတဲ့သူက အမြဲကောင်းသလို ဟန်ဆောင်နေရပြီး ဆိုးတဲ့သူကလည်း အမြဲဆိုးသလို ဟန်ဆောင်နေရတယ်...သူတို့စိတ်ထဲက နတ်ဆိုးတွေကိုလည်း လွတ်မြောက်ခွင့်မပေးနိုင်ကြသလို သူတို့စိတ်ထဲက အိန်ဂျယ်တွေကိုလည်း လွတ်မြောက်ခွင့်မပေးနိုင်ကြဘူး ဆိုးတဲ့သူက ရုတ်တရုက်ကောင်းလာရင် ဝိုင်းဆွမ်းကြီးလောင်းကြသလို ကောင်းတဲ့သူက ဆိုးလာရင်လည်း ဝိုင်းကဲ့ရဲ့ကြတာပါပဲ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် တံဆိပ်တွေကပ်ကြရင်း အကောင်းဆုံးလူဖြစ်လာဖို့ အလုအယက်ပြိုင်ဆိုင်ကြတယ်...။
YOU ARE READING
Sea of strangers
Fanfictionသူစိမ်းတွေရဲ့ပင်လယ်ပြင်ထဲမှာ အကြည့်ချင်းပွတ်တိုက်မှုတွေကနေ ပြဇာတ်တစ်ပုဒ်စနိုင်သလို "ဆောရီး"ဆိုတဲ့စကားတစ်ခွန်းနဲ့လည်း ပိတ်ကားလိပ်ကျသွားနိုင်တယ် သူစိမ်းတွေရဲ့ ပင်လယ်ပြင်ထဲမှာ အရာအားလုံးဟာ သံယောစဥ်မဲ့စွာ လှုပ်ရှားသွားလာ...။