Still don't know my name

287 16 47
                                    

Cheating alert!!!
ပထမဆုံးအ​နေနဲ့​ပြောချင်တာက​တော့ ဘာမှအတုယူချင်စရာမပါပါဘူးဆိုတာပါပဲ ဒီဟာကအရင်ဟာ​တွေနဲ့ကွဲပါတယ် အရမ်းလည်းကြမ်းပါတယ် ဒါ​ပေမဲ့ ​ရေးရတာ​ကော ဖတ်ရတာ​ကော အရမ်းအရသာရှိပါတယ် trust me!

Might contain smut and yes this is Rated R im not gonna say kids can't read caz me myself is a kid too just keep your problem in your pants also don't take screenshots of spicy parts and reupload!!!

Kwက18ဖြစ်ပြီး Cyက17ပါ​နော် Euphoriaတို့ Sex Edတို့ Eliteတို့ထဲကလိုအသွားအလာ​တွေပါပဲ ဒါ​တွေကြည့်ဘူးတဲ့သူ​တွေအတွက်​တော့ သိပ်​ထူးထူးခြားခြားမရှိပါဘူး so u better lower your expectations

Updateကိစ္စက​တော့ မ​လောကြပါနဲ့​နော် အကြာကြီးပစ်မထားဘူးလို့ကတိ​ပေးပါတယ် ချစ်ယူ​အောပါ love&peace✌

__________________________________

လူကုံထံမိသားစုက က​လေး​တွေကိုကြည့်ရင်း သူတို့ရဲ့ ဘဝက သိပ်​ကောင်းတယ်လို့ ​တွေးဘူးခဲ့ကြလား? ဒါဆို သူတို့ဘဝက သနားစရာ​ကောင်း​​လောက်​အောင် ပျက်စီး​နေတယ်လို့​ရော ​တွေးဘူးကြလား? ဒီနိုင်ငံမှာ အသက်မပြည့်​သေးတဲ့က​လေး​တွေ မိဘကချမ်းသာတာနဲ့ ထင်တိုင်းကြဲပြီးသားပဲ ပါတီထဲမှာ မူးရူး​နေတဲ့ သူတို့​တွေမှာ ကုန်း​ကောက်စရာ​မကျန်​တော့တဲ့ နှလုံးသားအ​ကြေအမွ​တွေရှိ​နေနိုင်မလား? တန်ဖိုးကြီးမိတ်ကပ်​တွေခြယ်သထားတဲ့ မျက်ဝန်း​တွေထဲမှာ ​ခြောက်ခမ်းသွားတဲ့ မျက်ရည်​တွေရှိ​နေမလား? နိုင့်ထက်စီးနင်း​ပြောဆို​နေကြတဲ့ နှုတ်ခမ်း​တွေမှာ​ရော မ​ပြောပြနိုင်တဲ့ အ​ကြောက်တရား​တွေနဲ့ ဖွဲ့သီထားတဲ့ ပုံပြင်​တွေရှိ​နေမယ်လို့ ​တွေးမိကြလား? လူတစ်​ယောက်က ဘယ်​တော့မှ ​မွေးကတည်းက ဆိုးသွမ်းတယ်လို့မရှိဘူး​လေ တစ်ခုခုက​ပြောင်းလဲ​ပေးလိုက်မှသာ ဆိုးသွမ်းကြတာ​လေ ဒါဆို အစွန်းမှာ​ရောက်​နေတဲ့ သူတို့စိတ်ထဲမှာ​ရော ဘာ​တွေရှိ​နေမလဲ?

​ကောင်းတဲ့သူက အမြဲ​ကောင်းသလို ဟန်​ဆောင်​နေရပြီး ဆိုးတဲ့သူကလည်း အမြဲဆိုးသလို ဟန်​ဆောင်​နေရတယ်...သူတို့စိတ်ထဲက နတ်ဆိုး​တွေကိုလည်း လွတ်​မြောက်ခွင့်​မ​ပေးနိုင်ကြသလို သူတို့စိတ်ထဲက အိန်ဂျယ်​တွေကိုလည်း လွတ်​မြောက်ခွင့်မ​ပေးနိုင်ကြဘူး ​ဆိုးတဲ့သူက ရုတ်တရုက်​ကောင်းလာရင် ဝိုင်းဆွမ်းကြီး​လောင်းကြသလို ​ကောင်းတဲ့သူက ဆိုးလာရင်လည်း ဝိုင်းကဲ့ရဲ့ကြတာပါပဲ လူ​တွေဟာ တစ်​ယောက်ကိုတစ်​ယောက် တံဆိပ်​​တွေကပ်ကြရင်း အ​ကောင်းဆုံးလူဖြစ်လာဖို့ အလုအယက်ပြိုင်ဆိုင်ကြတယ်...။

Sea of strangersWhere stories live. Discover now