အချစ်ဝင်လျက် အပြစ်မမြင်
အခန်း (၁)"ပျိုး"
ခပ်ဩဩအသံကြောင့် လှည့်မကြည့်ပါပဲ မောင်ဆိုသည်ကို ပျိုးတန်းသိပါသည်။
"ပျိုး" ပြေးလာသံကြောင့် ပျိုးခြေလှမ်းတို့ရပ်တန့်လိုက်သည်။နီးကပ်လာသည့် ခြေသံနှင့်အတူ ပြင်သစ်ရေမွှေးနံ့သင်းသင်းလေးကိုပါရလိုက်သည်။ပျိုးရှေ့က ကာရပ်လိုက်သည့်မောင်က လွန်ခဲ့သည့် 6လခန့်က ထွက်သွားသော မောင်မဟုတ်တော့သလိုပင်။
"မောင့်ကို စိတ်ကောက်နေတာလား ပျိုး"
တခြားဘက်လှည့်ကာ နှုတ်ခမ်းစူနေသည့် ပျိုးက ချစ်စရာတစ်မျိုးပင်။ပျိုးရဲ့ မေးအား ဆွဲ့လှည့်လိုက်ပြီး
"ကြည့် ဒါ မောင့်ကို စိတ်ကောက်နေတာ ဟုတ်လား"
"မကောက်ပါဘူး "
"ကောက်နေပါတယ် ပျိုးကိုအသိမပေးပဲ မြန်မာပြည်ပြန်လာလို့လေ"
"သိရင် ပြီးတာပဲလေ "
ပျိုးရဲ့ နဖူးလေးအား အသာအယာနမ်းရှိုက်လိုက်ပြီး ပုခုံးနှစ်ဖက်ကို ဖွဖွကိုင်ကာ
"ပျိုး မောင်တို့လက်ထပ်ရအောင် "
ပျိုးတို့က အခုမှ 23နှစ်သာရှိသေးသည်။ 25နှစ်ပြည့်မှ လက်ထပ်ကြမယ်လို့ ဆုံးဖြတ်ထားသော်လည်း မောင့်သဘောအရ လက်ထပ်ဖို့ဖြစ်လာရသည်။
"မိပျိုး ညည်းပြောတော့ မောင်နဲ့ငါက 25နှစ်ပြည့်မှ လက်ထပ်မယ်ဆို ဘယ်လိုဖြစ်တာလဲ "
"ဟုတ်ပါ့ ဟိုက စားချင်နေပြီလားမသိ"
"ဟက် ဟက် မောင်နော် ပျိုးကို ဘာလုပ်ဖို့ကြံနေတာလဲမသိဘူး"
ပျိုးက
"ဟက် တော်ကြပါ ကောင်မတွေနော် "
"မဟုတ်လို့လား "
ရှက်ပြီး ခေါင်းငုံနေသော ပျိုးအား သူငယ်ချင်းတွေဖြစ်ကြသော
ဝါဝါ၊ပိုးဥ၊ဖြူနှင်းတို့က ဝိုင်းစနေခြင်းဖြစ်သည်။ပိုးဥက
"ဟက် တော်ကြပါတော့ ဟိုမှာ သူများမောင်လာနေပြီ"
ဟုတ်ပါသည်။ ဒီနေ့ဝတ်စုံရွေးရန် မောင်နဲ့ချိန်းထားသဖြင့်လာခေါ်ခြင်းဖြစ်သည်။
"ပျိုး သွားရအောင်လေ "
"အင်း "
မောင်က ပိုးဥတို့ဘက်လှည့်ကာ
"ပျိုးကို ခေါ်သွားအုံးမယ်နော် "
ဝါဝါက
"ခေါ်ပါရှင့် သိပ်မကြာခင်ပဲ ကိုညို့မှိုင်း ပိုင်မှာကို"
မောင်က ရှက်ပြီး ဂုတ်ကိုပွတ်ကာ ရယ်နေတော့ ချစ်စရာတစ်မျိုးပင်။
"ပျိုး ဘယ်ဆိုင်မှာ သွားကြည့်မလဲ "
မောင်က ပျိုးရဲ့လက်ကလေးကိုဆုပ်ကိုင်ကာ မေးလာသည်။
"မောင် အသိထဲမှာရှိလား ပျိုးမှာတော့မရှိဘူး"
"ဒါဆို Nann Fashionကို သွားရအောင်နော် "
"အင်း "
Nann Fashionဆိုင်အတွင်း ပျိုးအကြိုက်ရွေးပြီး ထွက်လာကြတော့ မောင်က
"ပျိုး ပျော်ရဲ့လား "
"ပျော်တာပေါ့မောင်ရဲ့ မောင်နဲ့ ရှိနေတဲ့နေ့ရက်တိုင်းပျော်တယ် "
"ပျိုး မောင်ပျိုးကိုသိပ်ချစ်တာပဲ"
အဲ့ဒီအချိန်ထိ ပျိုးဘဝကြီးက သာယာလှပနေသေးသည်။ပျက်စီးမယ်လို့မထင်ခဲ့သည့် ဆက်ဆံရေးတစ်ခုပင်။လက်ထပ်ပွဲကိုလဲ မောင့်မေမေနှင့် အန်တီငယ်တို့ကပဲ ဦးစီးပြီး လုပ်ပေးတယ်လေ။ ပျိုးမှာ မိဘတွေမရှိတော့ပေမယ့် အန်တီငယ်က ပျိုးရဲ့ မိဘနေရာကနေ အုပ်ထိန်းပေးလာသူ။လက်ထပ်ပွဲပြီးတော့ မောင်နှင့် လိုက်နေရမည်ဆိုတော့လဲ ပျိုးက ငိုယိုပြီး
"ဟင့်အင်း အန်တီငယ်နဲ့ မခွဲနိုင်ဘူး ဟင့်အင်း ဒီမှာပဲနေမယ်"
မောင်က ခေါင်းကုတ်ပြီး
"မဟုတ်ဘူးလေ ပျိုးရဲ့ အခုပျိုးက မောင်နဲ့လက်ထပ်ပြီးပြီလေ
အဲ့တော့ "
"ဟင့်အင်း မလိုက်ဘူး "
အန်တီငယ်ကပင် ကြားဝင်ပြီး ပျိုးအားဖျောင်းဖျရပြန်သည်။
"ကဲ ပျိုးလေး လိုက်သွားပါကွယ် အန်တီငယ်လဲ မကြာမကြာလာလည်မှာပါ မငိုနဲ့တော့နော် မောင်ညို့ ခေါ်သွားလိုက်တော့နော် "
မောင့်မေမေကလဲ ပျိုးကို နှစ်သိမ့်ရှာသည်။အိမ်ထဲသို့ ကားထိုးရပ်လိုက်ပြီး မောင်က ပျိုးဘက်လှည့်ကြည့်ကာ
"ကျုပ်သွားစရာရှိတယ် ညပြန်လာဖို့လဲ မသေချာဘူး ခင်ဗျားစောင့်မနေနဲ့ အိမ်ထဲမှာ အပြည့်အစုံရှိတယ် "
"မောင်"
ကားပေါ်တက်ပြီး ပြန်ထွက်သွားသော မောင်သည် အရင်က ကျွန်မသိခဲ့ဖူးသော မောင်မဟုတ်။ပျိုး အံ့ဩမိပါသည် ပျိုးသိသော
ညို့မှိုင်းမောင်သည်
ပျိုးအပေါ် ကြင်နာမှု အပြည့်။ အခုတော့ ပျိုးကို ကျုပ်တွေ ခင်ဗျားတွေနဲ့ ပြောသွားလိုက်တာ ပျိုးရင်ထဲက နာနေရပါသည်။
![](https://img.wattpad.com/cover/310935847-288-k450831.jpg)