01

45.7K 1.2K 14
                                    

ယောကျ်ား ၁ခုလပ် ။

အပိုင်း ၁

"ဟေ့ မင်းတို့ ဟိုသတင်းကြားပြီးကြပြီလား
ကျုပ်မှာဖြင့် ကြားကြားချင်းဆို ယုံတောင်မယုံနိုင်ဘူးတော်ရေ "

"ဘာသတင်းတုန်း ငါတို့မသိသေးဘူး
ပြောပြစမ်းပါ မိညို'ရယ် "

"ကျုပ်ပြောပြပါ့မယ်...
မနေ့ညက သက်မောင်ရဲ့မိန်းမ လှရွှေစိန် 'လေ
လင်နောက်လိုက်ပြေးသွားတယ်ဆိုပဲ "

"ဟင် နင်ပြောတာ ရွာတောင်ပိုင်းက သက်မောင်ရဲ့မိန်းမလား သူတို့ရဲ့သမီးလေးတောင် ၆လပဲရှိသေးတာလေ "

"ဟုတ်တယ် ရွာတောင်ပိုင်းက သက်မောင်...
ခြေထောက်ထော့နဲထော့နဲနဲ့ ခုတော့ ကလေးတစ်ယောက်နဲ့ တစ်ခုလပ်ဘဝကို ရောက်ရှာပြီ... ကျုပ်တို့ဖြင့် သူ့သတင်းကိုကြားပြီး သက်မောင်ကို သနားလိုက်တာအေ...
သူ့မိန်းမက ရုပ်ချောချောလှလှလေးနဲ့ ဘယ်လိုများလုပ်ရက်သွားနိုင်သလဲ မသိတော့ပါဘူး... ဟူး "

​"မိန်းမတစ်ခုလပ်ဆိုတာပဲကြားဖူးတာ
သက်မောင်'လိုယောကျ်ားတစ်ခုလပ်လည်း
ရှိသေးတာပဲကိုး..."

••••••••••••••• •••••••••••••••• ••••••••••••••••

" ဒုန်း "

လှဦး' လက်ထဲက အရက်ပုလင်းကို စားပွဲပေါ်သို့ ဒုန်းကနဲမြည်အောင် ဆောင့်တင်ချလိုက်သည် ။
မနက်စောစော အရက်ဆိုင်မှာ အရက်နဲ့မျက်နှာသစ်ပြီးလို့
လက်ကပါ တစ်ပုလင်းပါဆယ်ဆွဲပြီး အိမ်ပြန်လာသည့်
လှရွှေစိန်'၏အစ်ကို လှဦး'က

"အဖေနဲ့အမေ ကြားပြီးပြီလား
ခွေးမ လှရွှေစိန်' တရားဝင်ယောကျာ်းကြီးရှိလျက်နဲ့
လင်ငယ်နောက်လိုက်ပြေးသွားပြီ... တောက် မိဘမျက်နှာမှ မထောက် ခွေးမိုက်မ "

"ဟဲ့ လှဦး' ငမူးကောင်
မနက်စောစောစီးစီး မဟုတ်မဟပ်တွေ လျှောက်အော်မနေနဲ့ မင်းအဖေအိမ်ထဲမှာ ရှိတယ်နော..."

"ကျွန်တော် အဟုတ်ပြောတာ...
အမေ့ချစ်သမီးလေးက လင်ငယ်နောက်လိုက်ပြေးသွားပြီ
တစ်ရွာလုံးပြောနေကြတာကို အမေက မသိဘူးလား အမေရဲ့ "

"ဟဲ့ လှဦး 'အတည်ပြောနေတာလား
ငါ့သမီးက အဲ့လိုမဟုတ်လောက်ပါဘူး "

ယောကျ်ား ၁ခုလပ် ( Complete )Donde viven las historias. Descúbrelo ahora