Chapter 2

17 3 0
                                    

Unicode

''ဝါး....ဒီမြို့လေးက အရမ်းလှတယ်နော် လွှမ်း ကြည့်လိုက်ဟိုမှာ ကမ်းစပ်မှာ ​လှေအကြီးကြီးတွေရော ဂျယ်လီငှက်တွေရော...''

''​ဂျယ်လီငှက်မဟုတ်ဘူး ပိုင် အဲ့တာ စင်ရော်ငှက်တွေ...''

''ဟမ် ဟုတ်လား ငါက ရေအောက်က ပျော့စိစိဂျယ်လီငါးအသံနဲ့တူတော့ခေါ်မိတာ အဟဲ...''

''အွန်း...အွန်း''

ကဲပါအားလုံး အားလုံးက အခုမှကုန်းမြေရောက်လာကြတာမလား အဲ့တော့ ကုန်းမြေရဲ့ဒီက အကိုကြီးတာရာက သင်ပြမယ် နားထောင်...
ကုန်းမြေပေါ်ကလူသားတွေအများစုကကွာ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲရတာသဘောကျကြတယ် ဆိုတော့ အဲ့လိုနေရာတွေမှာ ငွေကြေးကအရေးပါတယ်ပေါ့ မရှိလည်း ဘာမှတော့မဖြစ်ပါဘူး ဘာလို့ဆို မင်းတို့နှစ်ယောက်လုံးက ပုလဲဖန်တီးနိုင်တယ်မလား စိတ်ပူစရာတော့မရှိပါဘူး သွားလည်ကြ ဒီမှာအကိုတို့က နေရာရှာလိုက်ဦးမယ်။မြို့ကိုသေချာလေ့လာပြီး ပျော်စရာတွေ့လည်း အဝပျော်ခဲ့နော် နောက်ကိုစိတ်မပူနဲ့ အကိုက မင်းတို့အရှင်နဲ့ အတူ အားလုံးအတွက်နေရာရှာထားပေးမယ်နော် ''

''ဟုတ် အကိုတာရာ ဒါဆို လွှမ်းနဲ့အတူသွားပြီး ​လျှောက်ကြည့်လိုက်ဦးမယ်နော်... ''

''ဟုတ်ပါပြီဗျာ...''

''လာ လွှမ်း သွားကြမယ် ''

''အင်း ဖြည်းဖြည်း လိုက်ခဲ့မယ်''

တာရာရဲ့လမ်းပြမှုဖြင့် အပျော်မက်သော ပိုင်တစ်ယောက် လွှမ်းကိုခေါ်ကာ ထွက်သွားလေသည်။တာရာကတော့ အချိုရည်လေးသောက်ကာ ပိုင်တို့ကို လက်ရမ်းကာနှုတ်ဆက်နေလေသည်။

''ဟာ....ကဲ နောက်ဆုံးတော့ငါတို့နှစ်ယောက်အတူတွဲပြီး
လည်ရပြီပေါ့ အမ်းအမ်း ''

''ငါသိတယ် ​တာရာ မင်းသူတို့ကို ပထုတ်လိုက်တာမလား ''

''မ ပထုတ်လို့ရမလား ငါ့လူကြီးနဲ့ နှစ်ကို ရာနဲ့ချီပြီးမတွေ့ရတာကို အခုလိုအချိန်လေးတော့ လွတ်လွတ်လပ်လပ်အတူနေချင်သေးတာပေါ့''

''ကိုယ်လဲအတူတူပါဘဲကွာ သခင့်အမိန့်အတိုင်းနေနေရတော့ အချိန်က ဒီလောက်ကြာသွားတာ။မတွေ့ရတာကြာပြီဆိုတော့ တည်းခိုခန်းသွားကြမလား ကိုယ်ဆာနေလို့ ''

You've reached the end of published parts.

⏰ Last updated: May 20, 2022 ⏰

Add this story to your Library to get notified about new parts!

Idiosyncrasy:  The Swingeing Luv Under The Deep OceanWhere stories live. Discover now