Chapter/1

115 10 1
                                    

Uni

Idiosyncrasy: The Swingeing Luv Under
The Deep Ocean
(သမုဒ္ဒရာနက်အောက်မှ အင်အားကြီးမားသောအချစ်)

Chapter/1

ဟိုးရှေးယခင်က ကမ္ဘာကြီးကိုနတ်ဘုရားတို့က စိုးမိုးခြယ်လှယ်ကိုင်လှုပ်ခဲ့ကြပါတယ်။တစ်ခါသောအခါမှာတော့ ငယ်ရွယ်ပြီးစွမ်းအားအင်မတန်မှကိုများပြားလှတဲ့အချိန်နတ်ဘုရားက နတ်ဘုရားအချို့ကိုသုတ်သင်ခဲ့ပါတယ်။ဟုတ်ပါတယ်...အဲ့ဒီနတ်ဘုရားကတော့ စွမ်းအားကြီး နတ်ဘုရားငါးပါးရဲ့သားတော်လေးဘဲဖြစ်ပါတယ်။အချိန်နတ်ဘုရားဟာ လူသားတွေတိုင်းပြည်ကို သူတို့စိတ်ကြိုက်ခြယ်လှယ်နေတဲ့နတ်ဘုရားများ လောဘကြီးမား၍ စစ်မက်ဖြစ်ပွားစေရေးအတွက်သာ လိုလားနေသောနတ်ဘုရားအချို့ကို လူသားတွေနဲ့ကင်းအောင် သုတ်သင်ပစ်ခဲ့ပါတယ်။ အချိန်တစ်ခုမှာတော့ အချိန်နတ်ဘုရားလေးရဲ့အရှိန်အဝါကို စိုးထိတ်ကြ၍ ဘယ်နတ်ဘုရားမှ လူသားတွေကို အနှောက်အယှက်မပေးရဲကြတော့ပါ။နတ်ဘုရားများဟာ ချွင်းချက်အနေနဲ့တော့ လူသားတွေကြားမှာ ဝင်ရောက်ရောနှောပိုင်ခွင့်ရှိကြသည်။ဒါဟာအချိန်နတ်ဘုရားမမွေးဖွားလာခင်ထဲကပင်ဖြစ်သည်။အချိန်နတ်ဘုရားလေးဟာလည်း ထိုနတ်ဘုရားများနည်းတူ လူသားတွေကြားထဲရောနှောနေထိုင်ရသည်ကိုကြိုက်၏။အမြဲပင်သွက်လတ်နေသော နတ်ဘုရားလေး၏အသက်​ ​မှာဘယ်လောက်ကြာသွားပါစေ အရွယ်မှာမူ အမြဲ နှစ်ဆယ့်နှစ်နှစ် လူငယ်လေးပင်။အချိန်နတ်ဘုရားဟာ အမည်နာမ နှစ်ခုကိုအသုံးပြုသည်။သူ၏အမည်နာမတော် Ernesti Echevaladier ကား နတ်ဘုရားများအကြားတွင်သာသုံး၍ လူ့ပြည်၌ကား မှိုင်းညို့သင်္ခယာ ဟူသော အမည်နာမဖြင့်သာနေသည်။ဘယ်ကြောင့်ဆိုသော် သူ့ကိုလူသားတိုင်းပြည်တွင် လူသားတွေအမည်နည်းတူဖြစ်စေလိုသောကြောင့်ပင်။

အချိန်နတ်ဘုရားတွင် နတ်ဆိုးသားရဲဝေလငါး နှင့် အသူတစ်ရာချောက်နက်ငါးမန်း ဆိုသော သားရဲနှစ်ကောင် ကို အလှမွေးငါးသဖွယ်မွေးမြူထားသည်။ထိုနှစ်ကောင်မှာ သမုဒ္ဒရာထဲတွင်စွမ်းအားအကြီးဆုံးသားရဲများထဲတွင်ထိပ်တန်းငါးကောင်ထဲတွင်ပါသည်။ အခြားသော မှော်ဆန်သော သားရဲများနှင့်လည်း သခင်စာချုပ်ချုပ်ဆိုထားသေးသည်။သခင်စာချုပ်ဆိုသည်မှာ နတ်ဆိုးသားရဲသို့မဟုတ် အခြားသောအဆင့်မြင့်သားရဲများက စပြီးသူတို့အပေါ်အနိုင်ယူနိုင်သူကို 50%/50%နှင့်စချုပ်သည်။အနိုင်ယူသူက ပိုစွမ်းအားပြင်းနေလျှင်25%/75% နှင့်ဆက်ချုပ်သည်။ထိုအဆင့်တွင်သာအများစုချုပ်ကြသည်။ 0%/100%အဆင့်တွင် အနိုင်ယူသူက စွမ်းအားအရမ်းပြင်းနေသောအခါ သို့မဟုတ် စွမ်းအားအတိုင်းဆမဲ့အခါများတွင်မှသာ သားရဲဘက်က အစေခံအဖြစ်လိုလိုလားလား ချုပ်ဆိုသော ချွင်းချက်သခင်စာချုပ်ဖြစ်သည်။ အချိန်နတ်ဘုရားကတော့ သူနှင့်သခင်စာချုပ်ချုပ်ဆိုသော သားရဲနှင့်ဒဏ္ဏာရီလာစွမ်းအားအရင်းမြစ်ဝိဉာည်များအပေါ် 10%/90% ဖြင့်သာချုပ်ဆိုကာ နည်းစနစ်အားပြောင်းထားသည်။အကြောင်းကတော့ သူ့ကြောင့်ကျဥ်းကျပ်နေသည်ကိုမလိုလားသောကြောင့်ပင်။

Idiosyncrasy:  The Swingeing Luv Under The Deep OceanWhere stories live. Discover now