အချိန်ရာသီများ ပြောင်းလဲလာသည်နှင့်အမျှ အချစ်ဆိုသည့်အရာကလည်း ပြောင်းလဲသွားတတ်သည့်နှယ်၊ တစ်ချိန်တစ်ခါက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းသောခံစားချက်မျိုးနှင့် စတင်ခဲ့သောအချစ်သည် အချိန်ရာသီများ လည်ပတ်သွားပြီးနောက်တွင် ရင်ခုန်စိတ်လှုပ်ရှားမှုထက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားနားလည်မှုအဖြစ် အသွင်ပြောင်းသွားတတ်သည်ဟု အများက တွေးထင်တတ်ကြသည်။ သို့သော် အမှန်တကယ်တွင်မူ အချစ်ဆိုသည်မှာ အစကတည်းကပင် သစ္စာတရား၊ ယုံကြည်မှု၊ စာနာနားလည်မှု၊ အကောင်းမြင်မှုနှင့် အားနည်းချက်များအပေါ် မူတည်နေပါ၏။ အချိန်ဆိုသည့်အရာမှာလည်း အချစ်ကို စမ်းသပ်နေခြင်းဖြစ်ကာ အချစ် (LOVE) ၏ အခြေခံလိုအပ်ချက်များ (Loyalty, Optimism, Vulnerability & Empathy) ပေါ်မူတည်ပြီး ထိုအချစ် တည်တံ့နေမည့်အချိန်ကာလသည်လည်း ကွဲပြားသွားပါလိမ့်မည်လေ။
ပြက္ကဒိန်ထက်မှနေ့စွဲများက တစ်ရက်ပြီးတစ်ရက်ကုန်လွန်သွားသလို အချိန်နာရီများကလည်း ရပ်နားခြင်းမရှိဘဲ လည်ပတ်နေဆဲ။ ရက်စွဲများပြောင်းလဲသွားသည့်နည်းတူ ဂျွန်ဂျောင်ဂုနှင့် ကင်မ်ထယ်ယောင်းတို့ကြားမှ ဆက်ဆံရေးသည်လည်း တစတစပြောင်းလဲလာကာ ကုန်လွန်သွားသောအချိန်များနည်းတူ သူတို့နှစ်ဦးကြားမှ အချစ်သည်လည်း Expire date နီးလာသည့်နှယ် ပုတ်သိုးစပြုလာတော့၏။
ဂျောင်ဂုနှင့် ထယ်ယောင်းတို့ကြား နွေးထွေးသည့်စကားဝိုင်းလေးမရှိတော့သည်မှာလည်း မည်မျှကြာပြီမှန်းမသိတော့။ နှစ်ယောက်လုံးမှာ ကိုယ်စီအလုပ်ရှုပ်နေကြသည်မို့ မနက်စောစောအလုပ်သွား၊ ညနေစောင်းမှ အိမ်ပြန်ရောက်၊ ဤလိုနှင့်သာ လည်ပတ်နေကြ၏။ ဂျောင်ဂုဘက်မှ စကားပြောမည်ဆိုလည်း ထယ်ယောင်းက မအားဟု ဆင်ခြေပေးကာ ရှောင်ထွက်သွားစမြဲ ဖြစ်သည်မို့ ဂျောင်ဂုအနေဖြင့်လည်း ထယ်ယောင်းကို တွန်းအားမပေးမိ။ အကြောင်းကား မကြာမီကျင်းပတော့မည့် art exhibition အတွက် ထယ်ယောင်းပြင်ဆင်နေရသည်ကိုး။ ဤသည်မှာ ထယ်ယောင်းအတွက် ကြီးမားသည့်အခွင့်အရေး၊ နာမည်ကြီးပန်းချီဆရာများနှင့်အတူ ပြပွဲတွင် ထယ်ယောင်း ပန်းချီကားများပါ ပြသရန်ဖိတ်ကြားခံရသည်မှာ တကယ့်ကို ကြီးမားသည့် အခွင့်အရေး မဟုတ်ပါလား။ ထို့ကြောင့် ထယ်ယောင်း အကောင်းဆုံးပြင်ဆင်ရင်း အလုပ်များနေသည်မှာ သဘာဝကျပါသည်လေ။ ဂျောင်ဂုအနေဖြင့်လည်း ထယ်ယောင်းကို ဘေးကသာ ပါရမီဖြည့်ပေးလိုသူပီပီ ဝင်မနှောင့်ယှက်မိ။ ထယ်ယောင်းလိုအပ်မည်ထင်သည့်အရာများကို သူ့ဘက်က တိုးတိုးတိတ်တိတ် အလိုက်တသိ ဖြည့်ဆည်းပေး၍သာ…။

VOCÊ ESTÁ LENDO
Unexpected Guest (Complete)
FanficThis is a tragic love story woven with themes of passion, betrayal, sacrifice, and vengeance, entangling two lovers and two best friends. Can true love endure the tests of hatred and deceit, or does it fade too easily when challenged? To uncover the...