အပိုင်း-1🖤

551 69 61
                                    

#Uni

အဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာ ကားတစ်စီးဟာ မောင်းနှင်နေပြီး အဲ့ကားလေးဟာ နန်းတော်ကြီးပမာ ခန်းနား​ကြီးကျယ်လွန်းလှတဲ့ အိမ်ကြီးတစ်ခုစီကိုဦးတည်နေဟန်နဲ့ တူပါရဲ့။

အိမ်ကြီးနားနီးလာလေလေ တီးလုံးသံတွေကိုပိုကြားလာရလေ​လေဖြစ်တာကြောင့် jinဟာ ကားမှန်ကိုချလိုက်ပြီး အသံလာရာကိုသေချာနား​ထောင်​ကြည့်လိုက်​တော့ အိမ်ကြီးဆီကနေဖြစ်နေပြန်ရော။

"တီးတဲ့သူကအတော် တော်လိုက်တာ ''

ကိုယ့်ဘာသာပြောနေတုန်း ကားရပ်လိုက်တာကြောင့် ကားပေါ်ကဆင်းလိုက်ပြီး အိမ်ကြီးကိုခြံဝကနေကြည့်လိုက်မိတယ်။

"နန်းတော်ကြီးလိုပါပဲလား ''

ဒါပေမယ့် အရမ်းကိုတိတ်ဆိတ်မနေလွန်းဘူးလား။ခုနကတောင် စန္ဒယားသံလေးကြားနေရပေမယ့် အခုကျ ဘာဆိုဘာသံမှဆက်မကြားရ။ မသိရင် ကိုယ်တယောက်တည်းရှိနေသယောင်ယောင်။

ဂျိန်း~~~~~

ခြံထဲဝင်လိုက်ပြီး အိမ်ကြီးဆီလျှောက်လာတုန်း။ ခုနကကြည်လင်နေတဲ့ ကောင်းကင်တစ်ခုလုံးက အခုဆိုမဲမှောင်နေပြီး မိုး​ခြိမ်းသံနဲ့အတူ မိုးစက်မိုးပေါက်လေးတွေပါ ရွာချလာတာကြောင့် အိမ်ကြီးဆီကိုအမြန်ပြေးသွားလိုက်ရတဲ့အဖြစ်။

အိမ်တံခါးဝကိုရောက်တာနဲ့ ရေအနည်းငယ်စိုသွားတဲ့ အင်္ကျီလေးကိုခါလိုက်ပြီး အဝတ်ထုတ်လေးကိုပါ ရေစိုမစိုစစ်လိုက်ရတယ်။

"ဟိုလေ...''

တံခါးခေါက်ဖို့အတွက် ရှေ့ခေတ်ကအသုံးပြုတဲ့ လက်ကိုင်ကွင်းလေးနဲ့ တံခါးကိုထုလိုက်ပြီး အော်ခေါ်မယ်ကြံရုံသေး။

ကျွီ~~~~~~

"ဟင်...''

တံခါးပွင့်သွားတယ်ဆိုရင်လည်း လာဖွင့်ပေးတဲ့သူကဘယ်မလဲ။ စိတ်ထဲနည်းနည်းတမျိုးကြီးခံစားလာရပေမယ့် မဝင်လို့မဖြစ်။ ဒါကြောင့် ဖြေးဖြေးလေးသာဝင်ရင်း တအိမ်လုံးကိုမျက်စိကစားနေမိတယ်။

"ဟိုလေ...''

ဂျိန်း~~~~

"အမလေး...''

နတ်ဆိုးများနဲ့အတူ ရှင်သန်နေထိုင်ခြင်းWhere stories live. Discover now