နမ်ဂျွန်းနိုးလာတော့သူ့ရင်ခွင်ထဲမှာအိပ်နေတဲ့ကလေးကိုကြည့်ရင်းပြုံးလိုက်မိတယ် အိပ်နေတာတောင်နှုတ်ခမ်းလေးဆူပြီး ပါးလေးတွေပန်းရောင်သန်းနေတဲ့ကလေးကလှလွန်းတယ်ဆိုတာထပ်ကိုပိုနေတာပဲ...သူပေးထားတဲ့အမှတ်သားတွေနဲ့လှချင်တိုင်းလှရက်နေတဲ့ကလေးရဲ့နဖူးကိုတစ်ချက်နမ်းပြီးရေချိုးဖို့ထသွားလိုက်တယ်...
sj-ဉီး...အဟင့်...
သူအ၀တ်လဲနေတုန်းကလေးရဲ့အသံလေးကြောင့်မြန်မြန်ဝတ်ပီးအနားပြေးသွားလိုက်တယ်
nj-နိုးပြီလား ကလေး...
sj-ဟုတ်...ဉီး ကလေးမျက်လုံးထဲကအပူငွေ့တွေထွက်နေတယ်သိလား...
nj-ကလေးဖျားနေတာပဲ
နဖူးလေးကိုစမ်းပြီးပြောလိုက်တယ်...အာ့ဆိုသူနည်းနည်းကြမ်းသွားပုံရတယ်...
sj-အင်း...
nj-ဉီးဆရာဝန်ခေါ်ပေးမယ်နော်
ဖျားနေလို့လားမသိကလေးကဘာမှမပြောပဲငြိမ်သွားတယ် ခနနေတော့ဆရာဝန်ရောက်လာပြီးမှာစရာရှိတာမှာကာပြန်သွားတော့တယ်
sj-ဉီး ဗိုက်ဆာတယ်...
nj-လာ ဉီးချီမယ်နော်
သူ့ကလေးကိုချီပြီးအောက်ဆင်းသွားလိုက်တယ် အောက်ရောက်တော့လဲပေါင်ပေါ်ပဲတင်ထားတယ်လေ ဖျားပေမယ့်သူများတွေလိုအစားအသောက်မပျက်တာကြောင့်သူစိတ်တော့နည်းနည်းအေးရတာပေါ့
sj-ဉီးလဲစားလေ လာ ကလေးခွံ့မယ်...
တယောက်တလှည့်ခွံ့ကျွေးနေတာနဲ့ပဲနေ့လည်စာလေးကပြီးဆုံးသွားတယ်...TVကြည့်ချင်တယ်ဆိုတဲ့ကလေးကြောင့်သူလဲကလေးကိုရင်ခွင်ထဲထည့်ထားကာတူတူထိုင်ကြည့်နေလိုက်တာပေါ့ romanceကားလို့တော့မထင်နဲ့နော် boss baby cartoonကားတဲ့လေ...
sj-ဉီး အလုပ်မသွားဘူးလားဟင်...
nj-မသွားဘူးလေ ဒီနေ့ကလေးနားမှာပဲနေမှာ
sj-ဟုတ်...
နေမကောင်းဖြစ်နေတဲ့ပုံလေးကိုကြည့်ပြီးနမ်ဂျွန်းမှာရင်နာနေရတယ်...ကလေးကိုလေတိုက်တာတောင်မကြိုက်တာအခုအဖျားပါဝင်တော့ဒီအဖျားကိုဖြစ်နိုင်ရင်အမြစ်ပြုတ်အောင်ကိုသတ်ပစ်လိုက်ချင်မိပါရဲ့...ကာတွန်းကားကြည့်ပြီးသဘောကျနေတဲ့ကလေးကိုဖက်ထားရင်းဆံနွယ်လေးကိုခိုးနမ်းနေလိုက်တယ်...ချစ်သောကလေးရဲ့ အဖျားတွေဉီးစီကူးပါစေကွယ်...
YOU ARE READING
ဉီးရဲ့ကလေး (ၪီးရဲ့ကေလး)✔️
Fanfictionဉီးရဲ့အစားပုတ်လေးရေ တခါမှရည်းစားမထားဖူးတဲ့ဒီလူပျိုကြီးကမင်းလေးကိုချစ်တယ်ကွာ Kim Namjoon ဒီကလဲတခါမှရည်းစားမထားဖူးပါဘူးနော် ဟွန်း ဒါမယ့်ဉီးကိုချစ်တယ်ဗျ ဟီး ...