အပိုင်း ၂။

36 2 0
                                    

ဆင်းရမယ့်မှတ်တိုင်
ရောက်တော့မှာဖြစ်လို့ ဆင်းလို့အဆင်ပြေအောင်
ရှောင်းကျန့် တံခါးပေါက်မှာရပ်နေလိုက်တယ်..။
အနားမှာလာရပ်တဲ့ ဝမ်ရိပေါ်ကို တစ်ချတ်ကလေးမှ
မကြည့်ဖြစ်အောင် ရှောင်းကျန့်ရဲ့ အကြည့်တွေကို မှန်တံခါးအပြင်ဘက်က မိုးရွာနေတဲ့ မြင်ကွင်းဆီကို ပို့ထားလိုက်တယ်...

ရိပေါ်မိုးရွာနေတဲ့ မြင်ကွင်းအား
ကြည့်ပြီး စိတ်ရှုပ်လာတယ်..
ကားဂိတ်မှာကတည်းက ရွာတဲ့ မိုးက အခုထိတိုင်မတိတ်သေးတာကြောင့်
ထီးမပါတဲ့ သူ့အဖို့ ကျောင်းထိရောက်အောင်
ပြေးရဦးမယ်...။
အဲတာမို့ ရိပေါ်ကမိုးရာသီကိုမကြိုက်တာ..
အမြဲတမ်းစိုစိစိနဲ့ သွားရ၊ လာရ၊
လုပ်ရ၊ ကိုင်ရ၊
ဘာတစ်ခုမှအဆင်ပြေမနေဘူး..။

ဟင်းး

ရိပေါ် သက်ပြင်းချလိုက်ရင်း ဘေးမှာအတူရပ်နေတဲ့ ကောင်လေကို စောင်းကြည့်လိုက်တော့
သူဘဲအေးတယ် လက်တစ်ဖတ်က ဖိုင်တွဲလေးကိုကိုင် တစ်ဖတ်က ထီးလေးကိုင်ပြီး
တိုင်မှာမှီရပ်နေတဲ့ပုံက
အေးရာအေးကြောင်းဘဲ..
ရိပေါ်မှာဘဲ
စိုးရိမ်နေရတာ..

* ငါမင်းနဲ့လိုက်လို့ရမလား အော်.. စာအုပ်တွေရေစိုမှာစိုးလို့ *

လှည့်ကြည့်လာတဲ့ မျတ်ဝန်းဝိုင်းဝိုင်းလေးဟာ
အံ့သြသွားသလို ဝိုင်းစက်သွားပြီး သူပြောလိုက်တဲ့စကားကို နားမလည်ဟန်
မျက်ခုံးလေးစုကျုံ့သွားတာကြောင့် ရိပေါ်အမြန်ရှင်းပြလိုက်ရတယ်...။

ရှောင်းကျန့် အပြင်ကရွာနေတဲ့မိုးကိုတစ်လှည့်
သူ့ကိုအကူညီတောင်းသလိုကြည့်နေတဲ့
ဝမ်ရိပေါ်ကိုတစ်လှည့်ကြည့်ပြီး..
တွေဝေနေမိတယ်..
ကျောင်းရောက်ဖို့က ၅ မိနစ်လောက်လမ်းလျှောက်ရဦးမှာ ဖြစ်သလို အခုရွာနေတဲ့မိုးကလည်းတိတ်မယ့်ပုံမပေါ်ဘူး...အင်း ထီးမပါတဲ့ဝမ်ရိပေါ်အဖို့ လူလည်းစိုနိုင်သလို စာအုပ်တွေလည်း
စိုရွှဲသွားနိုင်တယ်...
ရှောင်းကျန့် အဘက်ဘက်ကစဥ်းစားပြီး
ဝမ်ရိပေါ်ကိုသူနဲ့အတူခေါ်သွားဖို့... ဆုံးဖြတ်လိုက်ကာ... အခုချိန်ထိသူ့အဖြေကို သိချင်ဟန် ငေးကြည့်နေတဲ့ဝမ်ရိပေါ်ဘက်
လှည့်လိုက်ပြီး...

bus stopМесто, где живут истории. Откройте их для себя