အပိုင်း ၅။

32 4 0
                                    

အိမ်ပြန်ရာလမ်းတစ်လျှောက်လုံးရိပေါ်တွေးနေမိတယ်... သူဘာလို့ ရှောင်းကျန့်ကိုမြင်တိုင်း ပုံမှန်ထက်ရင်ခုန်သံတွေ မြန်ဆန်နေရတာလည်း...
ပြီးတော့ အခုမှတွေ့တဲ့ကောင်လေးတစ်ယောက်ကို ဘာလို့ လိုတာထက်စိတ်ပူပြနေမိတာလည်း...
ဘာလို့ သူ့ကိုတစ်ခြားသူတွေနဲ့တွဲ
မတွေ့ချင်ရတာလည်း....
ဘာဖြစ်ချင်နေမှန်း မသိတဲ့ရိပေါ်ရဲ့စိတ်ထဲ
ဘဝင်မကျတာနဲ့ လမ်းမှာတွေ့တဲ့ အအေးဗူးလေးအားကန်ထုတ်လိုက်သည်။

* ပေါ်ပေါ်!! *

* အကို အကိုဘယ်လိုလုပ်!? *

အနောက်ကလှမ်းခေါ်သံကြားလို့ ရိပေါ်လှည့်လိုက်ရာ အကိုကျိုးဖြစ်နေတာကြောင့်
ရိပေါ်အံ့သြသွားတယ်..

* ပေါ်ပေါ်ကိုလာကြိုတာလေ ကျောင်းကပြန်သွားပြီဆိုလို့ *

* အာ *

အခုမှရိပေါ်သတိရတယ်.. ဟုတ်သားဘဲ
မနတ်က အမေပြောတာ ကျောင်းဆင်းရင်အကိုလာကြိုမယ်တဲ့..
ရိပေါ်ဒီနေ့ဘာတွေတွေးနေလို့များ အကိုလာမယ်ဆိုတာမေ့နေရတာလည်း...

* ကျောင်းမှာအဆင်ပြေရဲ့လား ပေါ်ပေါ် *

* ပြေပါတယ်အကို *

လမ်းလျှောက်ရင်း ပြောဖြစ်ကြတဲ့စကားလုံးတွေက လက်ချိုးရေလို့ရသလို ရိပေါ်တို့ညီအကိုနှစ်ယောက်က
စကားနည်းတာကြောင့်
သိပ်ပြောလေ့မရှိပေ။

* အော် အကို ရှောင်းကျန့်ကမှာလိုက်တယ် အကိုပြောထားတဲ့ ထောက်ခံစာရပြီတဲ့ *

* အော် ပေါ်ပေါ် ကျန့်လေးနဲ့သိတာလား *

* အင်း အခန်းတူတယ်လေ *

* အော် ကျန့်လေးကိုလည်းပြောပေးပါဦး ကျေးဇူးတင်ပါတယ်လို့ နောက်နေ့မှ အကိုလာရင် မုန့်ဝယ်လာခဲ့မယ်လို့ ပြောပေးနော် *

ရိပေါ်ခေါင်းသာငြိမ့်ပြလိုက်ပြီး ဘေးကနေတိတ်တိတ်လေး လျှောက်လာလိုက်တယ်...
အတွေးထဲမှာတော့ ပျာယာခတ်နေရဲ့ ...
ရှောင်းကျန့်နဲ့ အကိုကဘယ်လောက်တောင် ရင်းနှီးနေရတာလည်း ပြီးတော့ ရှောင်းကျန့်အတွက်မုန့်ဆိုတာရော
ဘာလည်း.. ရှောင်းကျန့်က ဘာကြိုက်တက်တာလည်း...

bus stopTempat cerita menjadi hidup. Temukan sekarang