~Unicode~
မိုးရွာသွန်းထားတာကြောင့် ပတ်၀န်းကျင်ကချမ်းအေးစွာ ၊မိုးစက်တွေဟာ တဖွဲဖွဲနဲ့ကျဆင်းနေပါသေးတယ်။
ပေကျင်းလမ်းမထက်ကဘတ်စ်ကားတစ်စီးမှာတော့လူသတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်။"ယနေ့ ညနေ 6:30အချိန်တွင် ×××လမ်းမကြီးပေါ်၌မောင်းနှင်နေတဲ့ဘတ်စ်ကား ပေါ်တွင်ကိုယ်၀န်ဆောင်အမျိုးသမီးအားအကြမ်းဖက်နေသူကို ခုခံတိုက်ခိုက်ရင်း
အသက်25နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ် "TVထဲက အမျိုးအသီးက မိုးရာသီရဲ့ချမ်းအေးနေချိန်မှာ ၀မ်းနည်းဖွယ်သတင်းတစ်ပုဒ်ကိုတင်ဆက်နေတယ်။လူတွေက သေဆုံးပြီးရင် ငရဲကိုသွားရတယ်တဲ့ ဒါပေမယ့် ရှောင်းကျန့်ဆိုတဲ့သူကတော့ လူငယ်တွေရဲ့စိတ်ကူးယဉ်ဖြစ်တည်လာတဲ့ Systemထဲကိုရောက်လာတယ်။
"Twenty Systemမှကြိုဆိုပါတယ် host...
Name-Xiao Zhan
Age. -25
ဘတ်စကားပေါ်၌ဓားဖြင့်ထိုးသတ်ခြင်းခံရ...Twenty world မှာဆန္ဒ12ခုကိုဖြည့်ဆည်းဖို့hostကတာ၀န်ကျပါတယ်..
Mission completeဖြစ်ရင် ကြိုက်နှစ်သစ်တဲ့ကမ္ဘာကိုရွေးချယ်ပီးနေထိုင်ခွင့်ရှိတယ်
ဒီကြောင်က hostရဲ့အစောင့်အရှောက်၊ကြောင်ရဲ့နာမည်က "ကျင်းကော်" ၊အခုကစပီး ကျင်းကော်က hostရဲ့အစောင့်အရှောက်ဖြစ်သွားပါပီ
Good luck host~~"
အမျိုးသမီးစက်ရုပ်အသံက မဲမှောင်နေတဲ့ဟင်းလင်းပြင်မှာရှင်းလင်းစွာထွက်နေတယ်။ကြောင်တစ်ကောင်ကသူ့ရဲ့ခြေထောက်နားမှာထိုင်နေတယ်။
နောက်တော့ သိပ္ပံဇာတ်ကားတွေထဲမှာပဲတွေ့ရတဲ့ နေရာကူးပြောင်းခြင်းစက်ဝိုင်းက သူ့အရှေ့မှာပေါ်လာတယ်။ ကောင်းပီ ဒီအချိန်ကစပီး ဘယ်အရာကိုမှအံ့ဩနေစရာမလိုတော့ဘူး ပြန်လည်ရှင်သန်ဖို့အတွက် mission completeဖြစ်အောင်လုပ်ကြတာပေါ့။တစ်နည်းတော့ ကောင်းတယ် ငရဲမသွားရတော့ဘူးလေ~~
~~~~~~~~~~~~~~~~~~~~~~
(ပန်းတစ်ပွင့်ရှာခြင်း)ကမ္ဘာကူးပြောင်းလာတာနဲ့ ပထမဆုံးmissionကိုသူလုပ်နေရပီ။လွယ်တယ်လို့ထင်မှတ်ရတဲ့ missionက စားသောက်ဆိုင်ထဲရောက်ရှိလာချိန်မှာတော့ ရှောင်းကျန့်အငွေ့ပြန်ချင်သွားသည်။