~Unicode~
ထိုနေ့ည huaစားသောက်ဆိုင်တွင်ဖြစ်သည်။
"ကိုယ်ဒီမှာ ထိုင်လို့ရမလား"
ဆိုင်မှာ ဝိုင်းအလွတ်တွေအများကြီး ဒါဖြင့် သူ့ဝိုင်းမှာလာထိုင်တဲ့လူကို ခေါက်ဆွဲစားနေရင်းကနေမျက်လုံးပင့်ကြည့်လိုက်တယ်။
ဘုရားရေ ခုနကသူ၀င်တိုက်ခဲ့တဲ့ကောင်လေး .အသားဖြူဖြူ ပါး ဖောင်းဖောင်းမပျောက်သေးတဲ့ကောင်လေး ၊မူလကမ္ဘာကသူ့ရဲ့အသက်နဲ့ဆိုရင် ဒီကောင်လေးက သူ့ထက်ငယ်တယ် ဒါပေမယ့် ဒီကမ္ဘာရဲ့အသက်နဲ့ဆိုရင်တော့ ရွယ်တူပေါ့။"ကိစ္စရှိလို့လား ပြောစရာရှိရင်ပြောပါ အဲ့လောက်ကြည့်စရာမလိုပါဘူး"
ရှောင်းကျန့်က လေးပင့်စွာ ခက်ရင်းကိုချရင်း ၀မ်ရိပေါ်ကိုမေးလိုက်တယ်။ ၀မ်ရိပေါ်ဖြစ်နေတဲ့မျက်နှာကိုကြည့်ပီး ပန်းကန်နဲ့ရိုက်ခွဲချင်စိတ်ကို မျိုသိပ်ရင်း အနုနည်းနဲ့ပထုတ်နေရတယ် သူက သူများရဲ့ရင်ထိုးကို ယူထားတဲ့သူမလား အကြမ်းနည်းနဲ့လုပ်ရင် ဘယ်တရားပါ့မလဲနော်~~
"ကိစ္စက ရှောင်းလက်ထဲမှာရှိတယ်လေ ရှောင်းရဲ့"
သွားပီ ဒီကောင် သူ့ရင်ထိုးကိုခိုးသွားတယ်ဆိုပီးအမှုလာရှာတာလား?
ရှောင်းကျန့်တို့ကတော့ ဒီလိုလာလုပ်လည်း ရုပ်တည်နဲ့ပြန်ချေပလိုက်မယ်^"ရင်ထိုးလား နေစမ်းပါအုံး မင်း ငါ့နာမည်ဘယ်လိုသိတာလဲ?"
၀မ်ရိပေါ်က လက်ကနာရီကိုဟိုလှည့်ဒီလှည့်လုပ်ရင်းနဲ့ ပြုံးစစဖြင့် ဒီလိုဆိုတယ်။
"ဥပဒေမေဂျာရဲ့အချစ်ခံလေးကို ကိုယ်မသိပဲနေပါ့မလား ရှောင်းရယ်"
ဟူး ဒီကောင် ရှောင်းနေတာ တော်တော်များသွားပီ၊
*ကျင်းကော် ရင်ထိုးကိုပြန်ပေးလိုက်မယ် missionပြီးပြီမလား**ရပါတယ် host*
ရှောင်းကျန့်သူ့ရဲ့ဘယ်လက်နဲ့အုပ်ခံထားရတဲ့ရင်ထိုးကို ၀မ်ရိပေါ်ဆီတွန်းပေးလိုက်တယ်။၀မ်ရိပေါ်ကမယူတဲ့အပြင် သူ့ကိုပါမေ့ထောက်ပီးကြည့်နေလိုက်သေးတယ်။
ဒီကောင်ဘာဖစ်ချင်နေတာလဲ?*ကျင်းကော် သူ့ရဲ့နာမည်ကဘာလဲ*
*၀မ် ရိ ပေါ် ပါ host*
