~Unicode~
Twenty Systemမှာ ကမ္ဘာ20ခုရှိတယ်။ ရှောင်းကျန့်ဆိုတဲ့ hostက 12ခုမြောက်ကမ္ဘာမှာတာ၀န်ကျတယ်။
12ခုမြောက်ကမ္ဘာက အခုမှ ပထမဆုံးဖွင့်ဖူးတာ၊ ဘယ်hostမှတာ၀န်မကျဖူးဘူး။System ရွေးချယ်လိုက်တဲ့ ရှောင်းကျန့် 12ခုမြောက်ကမ္ဘာမှာ အောင်မြင်စွာဖြတ်သန်းနိုင်ဖို့ ကျင်းကော်မျှော်လင့်မိပါရဲ့~~~~~~
KL university..ကျောင်းရဲ့ groupမှာ ပို့စ်တစ်ခုက Topicစာရင်းထဲ၀င်နေတယ်။စီးပွားရေးမေဂျာက cool king ၀မ်ရိပေါ်နဲ့ ဥပဒေမေဂျာက အချစ်ခံလေး ရှောင်းကျန့်တို့ ညစာအတူသွားစားသွားတယ်ဆိုတဲ့ ပို့စ်ကို လူအများစိတ်၀င်စားနေကြတယ်။ဒါကိုတော့ ကျင်းကော်ရဲ့ hostဖြစ်သူ ရှောင်းကျန့်ကတော့ မသိသေးဘူး။
~~~~
*host ရဲ့အကြောင်းက ရိုးရှင်းပါတယ်၊ host၀င်ထားရတဲ့ ဇာတ်ကောင်ရဲ့နာမည်ဟာ SXပါ ၊ဒါပေမယ့် မစိုးရိမ်ပါနဲ့ ဒီကမ္ဘာကို host၀င်လာတဲ့အချိန်ကစပီး SXကို မှတ်ညဏ်ထဲထည့်ထားကျတဲ့လူအားလုံး ရှောင်းကျန့်လို့ပဲသိကြတော့မှာပါ၊ SXမှာ ရှောင်းမင်လီ ဆိုတဲ့အဖေတစ်ယောက်ပဲရှိတော့တာပါ SXရဲ့အမေကဆုံးသွားပါပီ ၊အခု ရှောင်းမင်လီက ပြင်သစ်မှာအလုပ်ကိစ္စနဲ့ရှိနေတယ် ၊ SXက လွတ်လပ်စွာနေထိုင်လိုသူဖြစ်တာကြောင့် ကိုယ်ပိုင်ကွန်ဒို၀ယ်ပီး နေတယ်၊ Main missionကိုတော့ SXရဲ့ဝိညာဉ်ကပြောပြပါ့မယ် ကျနော်နဲ့အတူ လိုက်နားထောင်ပါ host*"အင်း "
hostကို မျက်လုံးကျယ်ဆေးတိုက်လိုက်သင့်သလား? ဒီလောက်ရှင်းပြနေတာကို ငိုက်မျဉ်းပီးနားထောင်နေတာတော့ ကျင်းကော်ကို မလေးစားရာရောက်တယ်နော် host(╥﹏╥)
ကဲပါ ဒီတစ်ကြိမ်တော့ ချစ်ဖို့ကောင်းတဲ့ကျင်းကော်လေးကပဲ သဘောထားကြီးပေးလိုက်ပါ့မယ်^^*Hello Xiao Zhan...ကျနော်က SXပါ*
အပြာရောင် screenထဲ လူပုံစံအဖြူရောင်အရိပ်ကြီးပေါ်လာပီး သူ့ကိုနှုတ်ဆက်တော့ ရှောင်းကျန့်ကြက်သေသေသွားတယ်။
*Main missionက ကျနော်ရဲ့ ဆန္ဒ 12ကိုဖြည့်ဆည်းပေးပါ ကျနော့်ရဲ့ဆန္ဒတွေကလွယ်ကူတာမို့ Xiao Zhan သေချာပေါက်လုပ်နိုင်မှာပါ*
~မလွယ်ကူရင်လည်းလုပ်ရမှာပဲမလား အဲ့တော့ စကားမရှည်ပဲ မြန်မြန်သွားပါတော့ အဖြူရောင်အရိပ်ကြီးနဲ့စကားလာပြောနေတာ ဒီက ငါက ကြောက်တယ်ကွ၊ပြောရင်းနဲ့ကျောတောင်စိမ့်လာပီ ~
ရှောင်းကျန့်ဟာ သူ့ရဲ့စိတ်စွမ်းအင်က System ဧရိယာထဲမှာရှိနေတယ်ဆိုတာ မေ့သွားပုံရတယ် သူတွေးနေတာကို အခြားလူတွေမသိဘူး အထင်နဲ့ပေါ့။
