1

416 24 0
                                    

မည်းနက်သော၀တ်ရုံရှည်ဟာ လေထဲတလွင့်လွင့်
ခန့်ညားသောအရှိန်အဝါကထိုလူ၏မျက်နှာထက် ထင်ဟပ်နေသည်။ ညာဘက်လက်ထဲဆုပ်ကိုင်ထားသော ဓားမြှောင်လေးမှာ သွေးစတွေအနည်းငယ်စွန်းထင်းနေသည်။

"တခါတည်းလက်စသတ်လိုက်!"

"ဟုတ်ကဲ့"

ပုံမှန်မဟုတ်သောထိုရပ်၀န်းမှာသွေးအေးရက်စက်မှုတွေအပြည့်နှင့်...........

×××××××××××××××××××××××××××××××××××××
"Lee YongBok!!!"

ကျယ်လောင်လှသောအသံဟာ အခန်းတံခါးရှေ့မှာဆိုက်ဆိုက်မြိုက်မြိုက်..........

" ဗျာ မားမား"

" ကြက်ကြော်နှစ်တုံးပျောက်သွားတာ ဘယ်သူ့လက်ချက်လဲမားသိတယ်နော်၊ တံခါးဖွင့်လိုက်"

တံခါးသာဖွင့်လိုက်ရင်၊ ဟင်းချက်တဲ့သစ်သားယောင်းမနဲ့အနည်းဆုံးတချက်တော့မိတ်ဆက်ရမှာလေ

" Yongbok!!!မားမား တံခါးဖျက်၀င်ရမလား?"

မားမားလေသံကတစ်စတစ်စအရှိန်ပိုမြင့်လာပြီးအခြေအနေမကောင်းတာမို့ အခန်းတံခါးအသာလေးဟကာ လှစ်ခနဲ မားမားကိုပြေးဖက်လိုက်ပြီး

" သား အရမ်းကြိုက်တာမို့ စားမိလိုက်တာပါ ‌ဗွေမယူပါနဲ့မားမားကလည်း"

အတင်းခါးကိုဖက်ကာချွဲတော့

"ဟင်း မားမားစိတ်ပျော့အောင်ချွဲတာပေါ့လေ အဲ့တာနဲ့ပဲ ဆူဖို့ကဘယ်ရောက်သွားလဲမသိတော့ဘူး လူလည်ကောင်လေး"

မားမားကYongbokခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးသည်။ ကိုယ့်မားမားအကြောင်းသိတာပေါ့ ဘယ်လိုချွဲရင်စိတ်ဆိုးပြေတယ်ဆိုတာ

"ကဲ လာ ညနေစာစားကြမယ် မားမား အကုန်ပြင်ပြီးပြီ"

" မားမားကိုအချစ်ဆုံးပဲ"

"အေးပါ အချွဲကောင်လေး"

သားအမိနှစ်ယောက်ရဲ့ညနေစာထမင်းဝိုင်းလေးကနွေးထွေးမှုတွေပြည့်လို့....

×××××××××××××××××××××××××××××××××××××

"Aydin  နင် ဘာဆက်လုပ်မလဲ?"

"အကုန်မျိုးဖြုတ်ပစ်ရမှာပေါ့ ကောင်းကျိုးမပေးတဲ့ကောင်တွေကို"

PARADISE Where stories live. Discover now