"Aydin အရှင်Mantusခေါ်နေတယ်"
ကြည့်လက်စပေလွှာကိုအသာချကာ
"ငါသွားလိုက်ဦးမယ်"
ပေလွှာတွေသိုလှောင်ရာအခန်းမှသူရောက်ရှိသွားတာက မြေအောက်ကမ္ဘာ၏အမြင့်မြတ်ဆုံးတစ်နေရာ၊တနည်းအားဖြင့် အရှင်Mantusစိုးစံရာနန်းတော်..... နန်းတော်အ၀င်အ၀မှတဆင့် သူဧည့်ခန်းထဲခြေချလိုက်ချိန်မှာပဲ
"၀င်လာခဲ့ Aydin"
ဩဇာညောင်းလှသောအသံဟာဧည့်ခန်းတစ်ခုလုံးလွှမ်းခြုံသွားသည်။ ထိုအသံပိုင်ရှင်ကား အရှင်Mantus...မြေအောက်ကမ္ဘာ၏အရှင်သခင်၊
နက်မှောင်သော၀တ်ရုံရှည်၊ ဦးခေါင်းထက်တည်ရှိနေသောအနက်ရောင်ကြေးသရဖူတို့က ကြီးကျယ်မြင့်မြတ်မှုကိုပြသနေသည်။အရိုအသေပြုကာ မျက်နှာချင်းဆိုင်မှာ၀င်ထိုင်လိုက်သည်။
"မနက်ဖြန် ကောင်းကင်ဘုံကအရှင်Tiniaနဲ့တွေ့ပြီးဆွေးနွေးစရာရှိတယ် မင်းပါလိုက်ခဲ့ရမယ်"
" ကောင်းပါပြီအရှင် ကျွန်ုပ်လိုက်ခဲ့ပါမယ်"
"အေးအေး အဲ့တာပြောချင်လို့အခေါ်လွှတ်လိုက်တာ"
"ဒါဆို ခွင့်ပြုပါဦးအရှင်"
လှစ်ခနဲပျောက်သွားတဲ့နတ်ဆိုးလေးကိုကြည့်ရင်းအရှင်Mantusပြုံးမိသည်။ဒီကောင်လေးဟာ တကယ် လိုတာထက်ပိုစကားမပြောတတ်တာက သူ့ကိုပါဖြစ်သည်။
..........................…..............................................
နှင်းဆီဖြူတွေဟာ မျက်စိတဆုံးမက ကျယ်ပြန့်စွာတည်ရှိနေသည်။ နှင်းဆီဖြူတွေ၏မွှေးရနံ့က ကောင်းကင်ဘုံတစ်ခွင်ပျံ့နှံလျက်......ထိုနှင်းဆီခင်းအလယ်အလုပ်ရှုပ်နေသောသူတစ်ယောက်ရှိသည်။
"အရှင်Felix,အရှင်Felix"
ခြွေရံတော်တစ်ဦး၏အလောတကြီးခေါ်သံကြောင့် နှင်းဆီဖြူတစ်ပွင့်ကိုကိုင်ကြည့်နေရာမှFelixလှည့်ကြည့်မိသည်။
"အရှင်Tiniaကအခေါ်လွှတ်လို့ပါ နန်းဆောင်ကိုလာခဲ့ပါတဲ့"
"အင်း အခုလိုက်ခဲ့မယ်"
ပြောပြီးတာနှင့်အခြွေရံလေးကပြန်ထွက်သွားသည်။ နှင်းဆီဖြူခင်းကိုကျောခိုင်းကာ ခမည်းတော်ဆီထွက်လာခဲ့သည်။ဘာအရေးကိစ္စကြောင့်များအခေါ်ရှိသလဲမသိ
ခမည်းတော်နန်းဆောင်ဆီရောက်တော့ ဧည့်ခန်းထဲစကားသံတွေကြားရတာမို့ ဧည့်သည်ရှိနေပုံပင်.. ဧည့်ခန်းအ၀မှာ ရပ်နေတဲ့သူ့ကိုခမည်းတော်မြင်သွားတော့