2

183 17 0
                                    


၆ရာစုနှင့်၇ရာစုကြား...တစ်နည်းအားဖြင့် နတ်ဘုံနဲ့မြေအောက်ကမ္ဘာတို့၏စစ်ပွဲ ယာယီရပ်တန့်ထားသောကာလ

"လူစုံပြီလား?"

"Aydinနဲ့  Daniel ကျန်ပါသေးတယ်အရှင်"

ခဏအကြာ  ခန်းမရဲ့တံခါးကြီးပွင့်လာကာ   အမျိုးသားနှစ်ဦးထွက်ပေါ်လာသည်။ ထိုအမျိုးသားနှစ်ဦးသည် အရှင်Mantusကိုဂါရ၀ပြုကာ နေရာအသီးသီးမှာ နေရာယူလိုက်ကြသည်။

" ဒီနေ့ အားလုံးကိုစုဝေးရတဲ့အကြောင်းအရင်းကတော့   ကောင်းကင်ဘုံကနေ ကိုယ်စားလှယ်၃ယောက်လာလိမ့်မယ်... စစ်ပြေငြိမ်းရေးအတွက် အပြုသဘောဆောင်လာ ဆွေးနွေးမယ်ပြောတယ် အဲ့တာ မင်းတို့အကြံဉာဏ်ဘယ်လိုရှိသလဲပြောပြလို့ရတယ်"

အရှင်Mantusစကားအဆုံး အစည်းအဝေးခန်းမထဲငြင်းခုန်သံတွေနှင့်ဆူညံလာသည်။

" လိုရင်းကိုမရောက်ကြဘူး  အစည်းအဝေးပွဲလား စကားနိုင်လုပွဲလားမသဲကွဲဘူး"

Danielပြောတာလည်းမမှား ဘယ်တော့မှလိုရင်းကိုအမြန်မရောက်တဲ့အစည်းအဝေးပင်

" ကျွန်တော်နဲ့Danielကိုယ်စားပြုဆွေးနွေးဖို့သွားပါမယ်"

  ငြင်းခုန်နေတဲ့စကားသံတွေတိတ်ဆိတ်သွားသည်။ အကြောင်းကား အရှင်Aydin၏ ဩဇာညောင်းလှသောအသံကြောင့်ပင်

မြေအောက်ကမ္ဘာကိုအစိုးရသော... အရှင် Mantus၏လက်အောက်တွင် ပထမတန်း နတ်ဆိုး၄ပါးနှင့်။ အငယ်တန်းနယ်မြေအစိုးရနတ်ဆိုး၄ပါးရှိသည်။အငယ်တန်းနတ်ဆိုး၄ပါးက။ မြေအောက်ကမ္ဘာ၏အရပ်လေးမျက်နှာကိုတာ၀န်ယူစောင့်ရှောက်ရသည်။

ပထမတန်းနတ်ဆိုး၄ပါးမှာ

Aydin(Death၊ သေခြင်းတရား)
Daniel(Lost၊ဆုံးရှုံးခြင်း)
Lily(Hate၊အမုန်းတရား)
Bryan(famine၊ ငတ်မွတ်ခြင်း)တို့ကို ကိုယ်စားပြုသည်။ထိုနတ်ဆိုး၈ပါးဟာ  မူလနတ်ဘုရားများမှအပ ကျန်သောနတ်ဘုရားများကိုရင်ဆိုင်နိုင်သည်အထိအင်အားကြီးသည်။ သေခြင်းတရားကိုယ်စားပြုအရှင်Aydinမှာ နတ်ဆိုး၈ပါးထဲတွင် အရှင်Mantusပြီးလျှင် အာဏာအရှိဆုံးနတ်ဆိုးဖြစ်သည်။

×××××××××××××××××××××××××××××××××××××

"ဒီနေ့ လာကြမှာ မဟုတ်လား Aydin?"

PARADISE Where stories live. Discover now