Unicode#ရိပေါ်တစ်ယောက် အခုထိအငိုမတိတ်သေးတဲ့ရှောင်ကျန့်ကို မင်းသမီးပွေ့နည်းပွေ့ချီလိုက်သည်။ရှောင်ကျန့်ကရိပေါ်ရဲ့လည်ပင်းကိုသူ့လက်နှစ်ဖက်နဲ့သိုင်းဖတ်လိုက်သည်။မျက်နှာကိုလည်းရိပေါ်ရဲ့ရင်ခွင်ထဲကိုအပ်ထားသည်။
ရိပေါ် ရှောင်ကျန့်ကိုသူ့ရုံးခန်းကိုခေါ်သွားတော့သည်။လမ်းမှာတွေ့သမျှဝန်ထမ်းတွေကရိပေါ်တို့နှစ်ယောက်ကိုသေချာလိုက်ကြည့်နေကြသည်။ဘာလို့ဆိုသူတို့ရဲ့CEOကြီးကယောက်ျားလေးတစ်ယောက်ကိုယုယုယယပွေ့ချီထားတယ်မဟုတ်လား။ဒါသူတို့အတွက်တော့ရှားပါးဖြစ်ရပ်ပဲ။
ရိပေါ်ရုံးခန်းထဲရောက်တော့ ရှောင်ကျန့်ကိုဆိုဖာပေါ်ကိုချပေးလိုက်တယ်။
ရှောင်ကျန့်::; ကျေးဇူးတင်ပါတယ်နော် ရိပေါ်ကော။ကျွန်တော့ကိုကယ်ပေးတာနှစ်ခါတောင်ရှိပြီ။
ရိပေါ်::; ရပါတယ်။ကိုယ်ကကူညီချင်လို့ပါ။ဒါနဲ့ဒီကိုဘာကိစ္စရှိလို့လာတာလဲ။
ရှောင်ကျန့်::; ဟို.....ကျန့်ကျန့်ကရိပေါ်ကောရဲ့ဂျာကင်ကိုလာပေးတာပါ။
ရိပေါ်::; အော်။ပြီးတော့ ဘာလို့ငိုတာလဲ။
ရှောင်ကျန့်::; ဟို.....အဲ့ဒါက........ရိပေါ်ကောရဲ့ဂျာကင်ကိုပေးဖို့အဲ့ဒီဝန်ထမ်းမမကိုပြောတော့အဲ့ဒီမမကချိန်းမထားပဲနဲ့ဝင်လို့မရဘူးတဲ့။ကျန့်ကျန့်ကလည်းဂျာကင်ကိုရိပေါ်ကောကိုပေးမယ်လို့ဆုံးဖြတ်ထားပြီးသားဆိုတော့ပေးကိုပေးရမှပြန်ချင်တာ။အဲ့ဒါနဲ့ကျန့်ကျန့်ကအိမ်ကအဒါ်ကြီးကိုချွဲပြီးပြောသလိုအဲ့ဒီမမကိုပြောလိုက်တာ.....အဲ့ဒီမမကပြောတယ်......ကျန့်....ကျန့်ကျန့်က.....ယောက်ျားမဟုတ်ဘူးလားတဲ့......ယောက်ျား......တန်မဲ့..ချွဲနေတာတဲ့.....ဟင့်ဟင့်..။
ပြောရင်းနဲ့ရှောင်ကျန့်ထငိုတော့ရိပေါ်တစ်ယောက်ချော့ရပြန်တယ်။
ရိပေါ်::; တိတ်..တိတ်..မငိုနဲ့တော့နော်။
ရိပေါ်pov*အဲ့ဒီကောင်မ သေဖို့သာပြင်။ငါ့ရဲ့ကျန့်ငယ်ကိုမျက်ရည်ကျအောင်လုပ်တဲ့လူကိုခွင့်မလွှတ်နိုင်ဘူး!*
YOU ARE READING
ကျွန်တော့်ရဲ့နတ်သားလေး
Randomကျွန်တော်အချစ်ဆိုတာကိုမယုံဘူး တကယ်ချစ်နိုင်တဲ့လူရှိတယ်လို့လဲမယုံဘူး ချစ်တယ်လို့ပြောပြီး ပိုက်ဆံလိုချင်လို့လိုက်ကပ်နေတဲ့လူတွေအများကြီး။ကျွန်တော်ကိုယ်တိုင်လည်းမချစ်ခဲ့ဖူးဘူး။ ဒါပေမယ့်......သူလေးကိုမတွေ့ခင်အထိပေါ့။ ...