Part-8

42 3 0
                                    


Unicode#

ရိပေါ်ရုံးခန်းထဲပြန်ရောက်တော့ ရှောင်ကျန့်ကသူသွားတုန်းကအတိုင်းလေး ဆိုဖာပေါ်မှာထိုင်လျက်ပင်။

ရိပေါ်::; ကျန့်ကျန့် စောင့်ရတာကြာသွားလား။

ရှောင်ကျန့်အသံကြားတော့လှည့်ကြည့်လာတယ်။

ရှောင်ကျန့်::; မကြာပါဘူး😊။

ရိပေါ်::; အာ့ဆိုသွားကြတော့မလား။

ရှောင်ကျန့်::; သွားမယ်လေ။

ရိပေါ်လည်း ရှောင်ကျန့်ခေါ်ရာနောက်ကိုလိုက်ခဲ့တယ်။ကုမ္ပဏီကထွက်တော့ဝန်ထမ်းတွေကသူ့(yb)ရှေ့ကကောင်လေးကိုပြုံးပြီးကြည့်နေတဲ့သူတို့ရဲ့CEOဝမ်ကိုပါးစပ်အဟောင်းသားနဲ့ကြည့်နေတော့သည်။ရိပေါ်ကတော့ဘယ်သူ့ကိုမှဂရုမစိုက်။

ရှောင်ကျန့်ခေါ်လာတဲ့ဆိုင်ကအရမ်းကြီးနာမည်မကြီးပေမယ့်အတော်အသင့်တော့လူများသည်။

ရှောင်ကျန့်::; ဘာစားမလဲဟင်☺️။

ရိပေါ်::; အဆင်ပြေတာမှာလိုက်ပါ။ကိုယ်ကဘာနေနေစားတယ်။

ရှောင်ကျန့်::; ဟုတ်ကဲ့ အာ့ဆိုကျန့်ကျန့်ကြိုက်တာမှာပြီနော်။

လို့ပြောပြီးသူစားချင်တာတွေမှာနေတယ်။ရိပေါ်သူ့ရှေ့ကနှုတ်ခမ်းတစ်ထော်ထော်နဲ့စားစရာတွေမှာနေတဲ့ကောင်လေးကိုစိုက်ကြည့်မိသည်မှာဘယ်လောက်ကြာသွားသည်မသိကောင်လေးကသူ့ကိုခေါ်မှအသိဝင်တော့သည်။

ရှောင်ကျန့်::; အော် ရိ‌ပေါ်ကောရယ် ကျန့်ကျန့်ခေါ်နေတာတောင်မကြားရအောင်ဘာတွေများစဉ်းစားနေတာလဲ။

ရိပေါ်::; ဒီတိုင်း ဟိုဟိုဒီဒီပါပဲ။

စားစရာတွေလာချတော့လည်းခေါင်းမဖော်ပဲအားရပါးရစားနေတဲ့ကောင်လေးကိုကြည့်ပြီးရိပေါ်ပြုံးမိပြန်တယ်။

ရိပေါ်pov*အော်ကျန့်ငယ်ရယ် မင်းကကိုယ့်ရဲ့စိတ်ကိုလွှမ်းမိုးထားနိုင်တာပဲ။*

ညစာစားပြီးတော့ရှောင်ကျန့်ကသူ့လက်ထဲမှာကိုင်ထားတဲ့အိတ်လေးကိုရိပေါ်ကိုပေးလိုက်တယ်။

ရှောင်ကျန့်::; ရိပေါ်ကောရဲ့ဂျာကင်ပါ။မသန့်ရှင်မှာတော့စိတ်မပူနဲ့။ကျန့်ကျန့်ကိုယ်တိုင်လျော်ပေးထားတာ။

ကျွန်တော့်ရဲ့နတ်သားလေးWhere stories live. Discover now