MA:JJK - 3

5.1K 434 20
                                    

(Zawgyi)

Warning⚠

*ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်သည်*

ဆေးဆိုင်အပြန်သူတစ်လျှောက်လုံး ထိုအကြောင်းကိုစဉ်းစားနေမိသည်။ အဲ့ဒါကအဓိပ္ပာယ်မှမရှိတာ။လုံးဝ လုံးဝ မဖြစ်နိုင်တာကြီး။

Heatတက်တယ်? သူ့လို regessive omegaက? မဖြစ်နိုင်တာ ဒါကရူးနေတာပဲဖြစ်နိုင်တယ်။ရူးသွားပြီ အကုန်ရူးသွားပြီ။

ဒါမှမဟုတ် ဆေးဆိုင်ကအဲ့အမကရူးနေတာနေမယ်။ တကယ့်ကိုရယ်စရာဟာသပဲ ရယ်ရလွန်းလို့ပါးစပ်တောင်ပြန်မစိနိုင်တော့။စိတ်ထဲကသာဟိုပြောဒီပြောနဲ့ အပြင်ဘတ်မှာတော့မျက်မှောင်ကြီးကျုံပြီး ရယ်လဲမရယ်နိုင်ပါ။

ဒါပေမယ့် တကယ် ဖြစ်- ဖြစ်တာဆိုရင်ရော? လက်ထဲမှာကိုင်ထားတဲ့ ဆေးဘူးကိုသူငုံကြည့်မိသည်။ တကယ်ပဲအဲ့ဒီလူကြောင့်လား?။

သူအသက်20ဖြစ်နေပြီလေ ဒါပေမယ့်...ဒါပေမယ့် ဒီလိုတစ်ခါမှအဲ့လိုမဖြစ်ဖူးတာကို မဟုတ်ဘူး။မဖြစ်နိုင်ပါဘူး ကျစ်! တကယ့်ကိုစိတ်ပျက်စရာခန္ဓာကိုယ်ပဲ။မလိုချင်ဘူး! မလိုချင်ဘူး!။

သူဓာတ်လှေကားထဲဝင်ပြီးသော်လည်း ထိုအကြောင်းအားခေါင်းထဲကထုတ်မရ။ ရုတ်တရက် သူ့နှာခေါင်းကအနံ့တစ်မျိုးကို ရှုရှိုက်မိသွားသည်။

အခုမှသူသိတယ် ဒီထဲမှာသူတစ်ယောက်တည်းမဟုတ်ဘူးပဲဘေးလှည့်ကြည့်လိုက်တော့ အာ ဒီဘေးကခွေးကောင်ဆီကအနံ့ပဲ။

ချီး! ဆိုးလိုက်တဲ့နေ့ ပြီးတော့ဆိုးလိုက်တဲ့Phreအနံ့။

သူတို့ရဲ့Phre? ဒါဆိုခုနကJeon Jung Kook ရဲ့Phreအနံ့။ကျစ်! ဒီအရူးကောင်ကဘာလဲဟ။သူ့ရဲ့ ချီးလိုအနံ့ကိုရှောင်နေရတယ်။

တဖြည်းဖြည်းနီးကပ်လာတဲ့ ထိုအကောင်။ဒီခွေးကတော့ လုပ်ရင်နာတော့မယ်။တဖြည်းဖြည်းတိုးလာတဲ့အကောင်ကြောင့် အနောက်ဆုတ်ရင်း နံရံနဲ့မိတ်ဆက်သွားတော့သည်။ထိုအခါထိုအ‌ကောင်ကနား,အနားသို့ကပ်လာကာ

"အဲ့ဒီအနံ့ omegaတွေရဲ့အနံ့မဟုတ်လား"

သူ့မျက်လုံးများပြူးထွက်သွားသည်။

My Alpha JJK [HTCAA TaeKook Version] (Completed)Where stories live. Discover now