(Zawgyi)
*ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်သည်*
"tae hyungကုမ္ပဏီရှေ့ ဘယ်လို-"
"ခနလေး!"
ထိုခုံခါးပတ်ပတ်ဖို့လုပ်နေတုန်းခနလေးဆိုတဲ့အသံကြောင့်ရပ်လိုက်တော့သူ့လက်ထဲကခါးပတ်က်ုယူပြီးပတ်ပေးသည်။ ပြီးနောက်သ
သူ့အင်္ကျီကိုလက်နဲ့သပ်ချပေးသည်။"ရပြီ ဒီနေ့ခင်ဗျားကိုကျွန်တော်ပြီးပြည့်စုံတဲ့dateလေးဖြစ်အောင်လုပ်ပေးမယ်"
မောင်းသူနေရာမှာပြန်သွားထိုင်ပြီးလက်တစ်ဖက်ကိုစတီယာတိုင်ကိုကိုင်ပြီးနောက်တစ်ဖက်လက်မတစ်ချောင်းထောင်ထားသည်။လေးထောင့်ဆန်ဆန်အပြုံးကိုလဲချပြနေသေးသည်။
"Jung Kook ခင်ဗျားကျွန်တော့်နောက်သာလိုက်ခဲ့!
အိုခေ သွားကြမယ် သွားကြမယ်!"သူ့အလိုကျလိုက်ပါပေးခဲ့ပြီးဆိုင်ရှေ့ရောက်တော့လဲတံခါးကိုသူလာဖွင့်ပေးသည်။သူလဲတစ်ချက်ကြည်ပြီးမြေပြင်ပေါ်ခြေချလိုက်သည်။
"ပြီးပြည်စုံတဲ့ ဒိတ်? မင်းပြောချင်တာက ညစာစားကြမယ် ရုပ်ရှင်ကြည့်ကြမယ် ကော်ဖီသောက်ကြမယ် အဲ့လိုလား?"
အင်္ကျီလက်ကိုသေချာပြင်ရင်းပြောတော့'ဘယ်လိုသိလဲ'ဆိုတဲ့အကြည့်နဲ့ကြည့်လာသည်။နှစ်ယောက်သားဆိုင်ထဲဝင်လာတော့ဘိုကင်ကြိုလုပထားပုံရတဲ့tae hyungကဦးဆောင်ပြီးထောင့်နားကဝိုင်းဆီခေါ်သွားသည်။
မှာစရာရှိတာမှာပြီးခဏအကြာစားစရာတွေလာချတာမို့စကားမပြောကြပဲတိတ်ဆိတ်စွာစားနေကြသည်။ခါတိုင်းအစားစားရင်စကားတွေထပြောတက်တဲ့tae hyungမှာငြိမ်နေတော့မေးမိသည်။"tae hyung မင်းဗိုက်အရမ်းဆာနေတာလား?"
မေးခွန်းမေးတော့သူ့ရှေ့ကပန်းကန်ကိုဖြတ်ခနဲဆွဲယူသွားသည်။သူမျက်မှောင်ကျုံကြည့်တော့ လှီးဖြတ်ပြီးသားstickအပိုင်းတွေနဲ့ပန်းကန်ကိုသူ့ဆီချပေးထားတာ။မဖြတ်ရသေးတဲ့ဟာတွေကိုတော့သူ့ယူထားသည်။
သူကအရမ်းဗိုက်ဆာနေတယ်ထင်ပြီး အရင်စားနှင့်ပြီထင်တာ။အခုတော်တလွဲပါလား။ဘာလို့လဲမေးတော့...။
YOU ARE READING
My Alpha JJK [HTCAA TaeKook Version] (Completed)
Fanfiction"I love my life because my life is Jeon Jung Kook! " Jeon Jung Kook & Kim Tae Hyung