သူမ ပြန်လာမယ့် အချိန်ကို စောင့်ရင်းနဲ့ပဲ သူ့ရဲ့ အချိန်တွေ ကို ကုန်ဆုံးစေခဲ့ပါတယ်။ သူမ ပြန်လာမှာပါ ဆိုပြီးလည်း သူ ယုံကြည်ခဲ့တယ်။ အခုထိလည်း ယုံကြည်နေတုန်းပါပဲ။ သူမ သေချာပေါက် သူ့ဆီပြန်လာမှာပါ။ သေချာပေါက်ပေါ့။
"Jongin, မင်း ထမင်း ကော ပုံမှန် စားရဲ့လား? မင်း ကြည့်ရတာ ဖျော့တိဖျော့တော့နဲ့။"
"စားပါတယ်ကွာ။ မင်းကလည်း ငါ့လောက်စားတာ ငါပဲ ဟာကို။"
တကယ်တော့ သူ သိပ်ပြီး မစားပါဘူး။ အရင် တုန်းက ဆိုရင် သူတို့ သူငယ်ချင်း အုပ်စုတွေထဲ မှာ ဆိုရင် တောင် သူက အစားဆုံး။ သူ အခု အရင် လို မစားတော့ပါဘူး။ မစားတာထက် မစားနိုင် တာလို့ပဲ ပြောရမလား။
________________________________________
Sehun, သူ့သူငယ်ချင်း Jongin အ ကြောင်း သူ အသိဆုံးပါ။ သူ စားမှာ မဟုတ်ဘူး။ အဲဒါကြောင့် မို့လို့ အရင် ကထက် စာရင် တော်တော် လေးပိန်သွားတာ။ အခုလည်း ကြည့်ဦး။ မှိုင် တိုင် တိုင် ဖျော့တော့တော့နဲ့။
"Lu, Soo အ ကြောင်းကော ကြားရဲ့လား? သူနဲ့ အဆက်အသွယ်ကော ရလား?"
Sehun ရဲ့ စကားကို Luhan က တချက်မဲ့ရင်း ခေါင်းခါပြလိုက်တယ်။
"Soo နဲ့ အဆက် အသွယ် ရမှတော့ ဒီလို နေမလား။ Jongin ကို ပြောမှာပေါ့, Hun ရယ်"
သူလည်း စိတ်ညစ်ပါတယ်။ သူ့သူငယ်ချင်း Jongin ကို ဘယ်လိုလုပ်ပေးရမလဲ ကို မသိတာ။ Jongin ကလည်း Jongin ပဲ။ Soo ကလည်း Soo ပဲ။
________________________________________
Dec 14, 2015 ( in Seoul )
သူ ဆေးရုံက နေ ဆေးစစ်ချက်ကို ကိုင် ကာ ကားကို နေရာချပြီး ကားထဲမှ ထွက်လာခဲ့သည်။ အိမ်မှာလည်း ဘယ်သူမှ မရှိ။ သူ့ကို ကြိုဆိုမယ့် သူဆိုလို့ ဘယ်သူမှ မရှိတာ ကြောင့် သူလည်း တံခါး password ကို ရိုက် ထည့်ပြီး ကိုယ့်ဟာကိုယ်ပဲ အိမ်ထဲဝင် လာခဲ့တယ်။
မှောင် မဲနေတဲ့ အခန်းကြီးကို ကြည့်ကာ သူသက်ပြင်း ချမိသည်။ အပြင် ပန်း ကကြည့်ရင် သာ ဒီအိမ်ကြီးက နေချင် စရာ ကောင်းတယ် လို့ ထင် ကောင်းထင် ကြလိမ့်မယ်။ ဒါပေမယ့် ဒီအိမ်ထဲမှာ တစ်ယောက် တည်းနေ နေတဲ့ သူ့ အ ကြောင်းကို သာ ခရေစေံ့ တွင်းကျ သိလျှင် ဒီအိမ်နား ကပ်တောင် ကပ် ရဲမှာ မဟုတ်။