Music & Love (One Shot)
"Aish!!!!!!!!" သူ Violin Bow ကို ကြမ်းပြင်ပေါ်သို့ ခပ်ကြမ်းကြမ်း ပစ်ချလိုက်သည်။
ဒီနေ့တစ်နေ့လုံး လေ့ကျင့်လာခဲ့တဲ့ တစ်လျှောက် လုံးဝ အာရုံစူးစိုက်လို့မရဘူး။
လေ့ကျင့်နေရင်း မြင်နေရတာက Soo ရဲ့ အပြစ်ကင်းစင်လွန်းလှတဲ့ မျက်နှာလေး …
ကြားနေရတာက Soo သူ့နာမည်ကို ခေါ်နေတဲ့ အသံလေး …
ဒါပေမယ့် ခေါင်းထဲမှာ ရောက်လာတာကတော့ Soo သူ့ကို သူတို့နှစ်ယောက် နောက်ဆုံးအကြိမ်တွေ့တုန်းက ပြောသွားတဲ့ စကားတွေ …
ဖြစ်နိုင်မယ်ဆိုရင် …
တကယ်လို့သာ ဖြစ်နိုင်ခဲ့မယ်ဆိုရင် …
ကိုယ် မင်းကို ကာကွယ်ပေးချင်ပါတယ် …
_____________________________________________
ဒီနေ့ သူမ ကို ပြိုင်ပွဲ စီစဉ်သူက ပြောစရာ ရှိလို့ဆိုပြီး ခေါ်ထားတာနဲ့ သူမလည်း အစကတည်းက နေရာတကျဖြစ်ပြီးပြီ ဖြစ်တဲ့ သူမရဲ့ တစ်နေ့တာ Schedule တွေကိုပဲ ဖျက်ရတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုချိန်မှာတော့ ပြ်ုင်ပွဲနဲ့ ပတ်သက်တဲ့ အရာတွေ အားလုံးကသာ သူမအတွက် အရေးအကြီးဆုံး။
ဒါပေမယ့် ဒီပွဲမှာသာ သူမ နိုင်ရင် ပြိုင်ပွဲစီစဉ်သူကိုလည်း အခုလိုမျိုး ရိုရိုကျိုးကျိုး ဆက်ဆံစရာလိုတော့ မှာမဟုတ်ဘူး။
သေချာပြန်ပြီး စဉ်းစားကြည့်ရင် ပြိုင်ပွဲစီစဉ်သူက သူမကို လာခဲ့ဖို့ ဖုန်းနဲ့ လှမ်းအကြောင်းကြားတုန်းက ဖုန်းထဲမှာ ပြောသွားတာက ပြိုင်ပွဲဝင်ကို ခေါ်တဲ့ ကိစ္စတဲ့လေ …
ဒါပေမယ့် ပြိုင်ပွဲဝင်ဆိုတာ သူမ တစ်ယောက်တည်းမှ မဟုတ်တာ … ဟို တစ်ကိုယ်ကောင်း သမားလည်း ပါသေးတယ်လေ
သူမ တွေးထားခဲ့တာက Kim Jong In နဲ့ ပြန်တွေ့ရမယ့် နေရာက သေချာပေါက် ပြိုင်ပွဲပြုလုပ်နေတဲ့ Stage ပေါ်မှာပဲ ဖြစ်ရမယ်လို့ သတ်မှတ်ထားခဲ့တာ။ သူမ ဘဝမှာ Kim Jong In ကို နောက်ဆုံးတွေ့ရမယ့် နေရာကလည်း သေချာပေါက် အဲဒီ့နေရာပဲလို့ သတ်မှတ်ထားခဲ့တာ …
ဘာပဲဖြစ်ဖြစ် ဒါက အရေးကြီးတာမှ မဟုတ်တာလေ …
•••••••••••••••••••••••••••••••••••••••••••••••••••••