Our Story (Part#2)

1.2K 113 2
                                    

Our Story (One Shot)

နောက်အချိန်တွေ တော်တော်ကြာတဲ့ အခါမှာတော့ DIR နဲ့ GPI ဆိုတာ ရင်းနှီးရုံတင် မက တော့ပါဘူး။ Kai ဆိုတာလည်း သူမတို့ မိသားစုနဲ့ဆို တော်တော်လေး ရင်းနှီးနေပါပြီ။ Kai ရဲ့ Appa ဆို Kai ရဲ့ Noona ဖြစ်တဲ့ Ji In unnie ကို Oppa နဲ့တောင် ပေးစားနေပါပြီ။ Oppa ကလည်း Ji In unnie ကို သ ဘောကျတဲ့ ပုံပါပဲ။

ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ Oppa က သူမဆိုရင် အမြဲတမ်း Kai နဲ့ အဆင်ပြေ အောင် လုပ်ခိုင်းတယ်။ Kai ရဲ့ သူမ အ ပေါ်ပြောဆိုပုံတွေ၊ Kai ဘယ်လို အလုပ်ကိစ္စကို ဆွေးနွေးတဲ့ အ ကြောင်းတွေက အစ နောက်ပိုင်း မေးလာတယ်။ ဘာလို့ မေးတာလဲလို့ မေးပြန်တော့လည်း ယောက်ဖ လောင်းမို့လို့ လေ့လာထားတာလို့ပဲ အမြဲပြန်ဖြေတယ်။

အင်းလေ။ ဒီတိုင်းပဲ သိချင် လို့ဖြစ်မှာပေါ့ ...

တကယ်တော့ Kai ရဲ့ တည်တည်ကြည်ကြည်နဲ့ စကားပြောပုံတွေ၊ သူ့ရဲ့စူးရှပြီး သူမကို ရင် ခုန်တွေတဲ့ အကြည့်တွေ၊ သူ့ရဲ့ ထက်မြက်လွန်း အကွက်မြင် နိုင် လွန်းလှတဲ့ ဥာဏ်တွေ၊ သင်္ချာတွက်ပုံတွေက အစ သူမ စွဲမက်မိတာ အမှန်ပါ။ သူ့ဘက်က တော့မသိပေမယ့် သူမဘက်က တော့ သူ့ကို စိတ်ဝင် စားတယ်၊ သ ဘောကျတယ်။ ဒါပေမယ့် ချစ်တယ်လို့တော့ မဆိုနိုင် သေးပါဘူး။

သူ့ဘေးမှာ ရှိနေရရင် လူက အလိုလိုကို ပျော်နေတာပါပဲ။ Kim Jong In ... သူ ရှေးဘဝက ဆုတောင်းကောင်းခဲ့ပုံပါပဲ။

_________________________________________

သူမ ရုံးခန်းထဲက နေ Meeting အတွက် USB ဝင် ယူရင်းနဲ့ သူမလည်း Coffee သောက်ချင် တာနဲ့ Coffee တစ်ခွက်လောက် ယူပြီး သောက်နေတုန်း

"Soo"

သူမ သောက်နေတာတောင် သီးသွားသည်။ သူမ မျက်လုံးထဲမှာ ဒီနေ့မှ Kai ပိုချောနေသလားလို့။

"Soo, နေမ ကောင်းလို့လား"

သူ့စကားကြောင့် သူမ သတိပြန်ဝင် လာပြီး သူ့ကို သေချာကြည့်လိုက်တော့ ဘေးမှာလည်း ကောင် မ လေးတစ်ယောက်နဲ့။ အဲဒီ့ကောင် မ လေး ကလည်း Kai လက်ကို ချိတ်ထားသေးတယ်။ ကိုယ်သ ဘောကျတဲ့ သူတစ်ယောက်ကို ကိုယ်မဟုတ်တဲ့ အခြားမိန်း က လေးတစ်ယောက်က လက်ချိတ်ထားတာကို ဘယ်သူက မနာမလိုပဲ နေနိုင် မှာလဲလို့။

'KAISOO' One Shot CollectionWhere stories live. Discover now