Ep [24] Chance

4.5K 346 34
                                    

Uni code

"Jimin!! ”

ကုတင်ပေါ်တွင် လဲလျောင်းနေသော ဂျီမင်းဆီသို့အပြေးသွားကာ ဘေးရှိ ထိုင်ခုံပေါ်တွင်ထိုင်၍ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။

ယွန်းဂီ အသံကြားသည်နှင့် ဂျီမင်း၏မျက်လုံးလေးများ ခပ်မှေးမှေးလေး ဖွင့်လာ၍ ယွန်းဂီဆီသို့အကြည့်ရောက်မိသွားသည်။

"ဂျီမင်း!!အခုသက်သာရဲ့လား..ဘယ်နေရာကထိခိုက်သွား​သေးလဲ...”

"အင်း.....ဟျောင်း.....ကျနော် အဆင်ပြေပါတယ်”

"ဟုတ်ရဲ့လား....ဂျီမင်းကို ကြည့်ရတာ
ပင်ပန်းနေသလိုပဲ”

ယွန်းဂီစကားအပြီး သူနာပြုတစ်ယောက်နှင့်အတူဆရာဝန်ပါ ဂျီမင်းရှိရာ ကုတင်ဆီသို့ လာ၍

"ဒီက လူနာ ပတ်ခ်ဂျီမင်းရဲ့ အသိလား ခင်ဗျ”

ဂျီမင်းကို စကားပြောနေစဉ် ရုတ်တရက် ပေါ်လာသော ဆရာဝန်ကြောင့် ယွန်းဂီ အမြန်မတ်တပ်ရပ်လိုက်၍

"ဟုတ်ကဲ့ ပတ်ခ်ဂျီမင်းရဲ့ ...... အကိုပါ..... ”

"လူနာက ည​ဘက်​တွေ သိပ်မအိပ်ဘူး ထင်တယ်...ဒါကြောင့်  အခု လူနာက အားနည်းပြီးတော့ blood pressure က သာမန်ထက် မြင့်နေတယ်...အိပ်ချိန်မှန်၊စားချိန်မှန် ဖြစ်စေချင်တယ်....မဟုတ်ရင် ဘေးထွက်effectsအနေနဲ့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ၊ လှုံ့ဆော်မှုနည်းပါးတာ ၊ ထင်​ယောင်ထင်မှား​တွေဖြစ်တာ အာရုံစူးစိုက်မှုအားနည်းလာတာ ..အဲ့က​နေတစ်ဆင့်  အမှားအယွင်း​တွေ....ခုလို ​မတော်တဆ ထိခိုက်မှုဖြစ်လာနိုင်တယ်

အဲ့ဒါအပြင် ဦး​နှောက်နှင့် ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာ​တွေကို
အ​နှောင့်အယှက်ဖြစ်စေနိုင်တယ်...Mental health ပိုင်းမှာဆိုရင်လည်း စိတ်ဓာတ်ကျတာ​တွေ ၊ စိတ်ဆတ်လွယ်တာ စိတ်အပြောင်းအလဲလွယ်တာတွေ ...အဲ့လို ပြင်းထန်တဲ့ အကျိုးသက်ရောက်မှု ရှိတဲ့အတွက် ဒီလို မအိပ်တတ်တဲ့ကိစ္စရပ်က အသေးအမွှား​လေးလို့ထင်ရ​ပေမယ့် ကြီးကြီးမားမား​တွေအထိ ဦးတည်လာနိုင်တာ​ကြောင့်​သေချာ ဂရုစိုက်​ပေးသင့်တယ်”

Bitter Sweet Coffee [Completed] ✔Where stories live. Discover now