Ep[19] Hidden Lose

4.7K 395 38
                                    

Zawgyi + uni
Sorry for short chapter

ဖြိုးဖြိုးဖြောက်ဖြောက် အသံပြုလျက် အာကာယံမိုးသားထက်ဆီမှ တသွင်သွင် ကျဆင်းလာကြသော မိုးစက်များကို ငေးကြည့်နေခဲ့ရချိန်ပေါင်း များခဲ့ပြီ။

တစ်လ...တစ်လတိတိ ကင်မ်ထယ်ယောင်းသည် ဂျွန်ဂျောင်ကု၏ လက်အောက်တွင် နေရခဲ့သည်မှာ တစ်လ ဟူသော အချိန်ကာလတစ်ခုထိတိုင် ရောက်ရှိခဲ့ပြီ ဖြစ်သည်။

လှပမှု ဟူသည်မရှိ... အကျည်းတန်မှုများကို သာပွေ့ပိုက်လျက် လူမဆန်သော နတ်ဆိုးအောက်တွင် နေခဲ့ရသော နေ့ရက်များတွင် ချိုမြိန်မှုတော့ ဘယ်ရှိမည်နည်း။

ခါးသီး၍ နာကျင်ခဲ့ရသော အချိန် နေ့ရက်ပေါင်းများစွာကြောင့် ခံစားရသော နာကျင်မှုများဖြင့် အသားကျလာခဲ့သော ကင်မ်ထယ်ယောင်း နှလုံးသားသည် အချိန်ကြာလာသည်နှင့်အမျှ ခံနိုင်ရည်ရှိလာခဲ့သည် ထင်ပါရဲ့။

မျက်ရည်တစ်စက်မျှပင်
မကျတတ်ဘဲ နတ်ဆိုး၏ ရက်စက်မှုများက ိုခံယူတတ်လာသည်။ ယခင်က ညိုးငယ်မှုအပြည့်နှင့် ဖြူစင်သော မျက်ဝန်းများ အစား အသက်မဲ့၍ အေးစက်သော မျက်ဝန်းတို့ အသွင်သို့ ပြောင်းလဲလာခဲ့သည်။

မာကျောသော နှလုံးသားပိုင်ရှင်၏ လောင်းရိပ်အောက်တွင ်တဖြည်းဖြည်း အေးစက်တတ်လာသော ကင်မ်ထယ်ယောင်း၏ နှလုံးသားသည် သေချာသည်မှာ နာကျင်မှု၊လောကဓံ၏ ရိုက်ခတ်မှု အသွယ်သွယ်တို့၏ ထိုးနှက်မှုများကိို အရေထူသွားခဲ့ပြီဖြစ်သည်။

သို့သော်.......။

"ကင်မ်ထယ်ယောင်း....မင်းကို ငါထလို့ ပြောနေတယ်"

အေးစက်စက် မိုးရေထဲတွင် ဒူးထောက်လျက်ရှိသော ကင်မ်ထယ်ယောင်းသည် အသက်မဲ့သော လူတစ်ယောက်အနှယ်။

တုံ့ပြန်မှုမရှိ အဝေးတစ်နေရာသို့သာ ငေးကြည့်နေလျက် ဒူးထောက်နေသည်မှာ အချိန်အားဖြင့်...နှစ်နာရီခွဲ...သုံးနာရီဝန်းကျင်
ရှိတော့မည်ဖြစ်ပါရက် တုတ်တုတ်မျှပင် မလှုပ်ဘဲ အသည်းမာစွာ ဂျောင်ကုပေးသော အပြစ်ဒဏ်ကို ခံယူမြဲသာဖြစ်သည်။

Bitter Sweet Coffee [Completed] ✔Dove le storie prendono vita. Scoprilo ora