Day 3 ( Zawgyi )

424 19 0
                                    

" Jake Hyung မြန်မြန်လို့ .. "

ရေချိုးခန်းထဲရောက်နေတဲ့ Jakeက အူကြောင်ကြောင်ပဲ ။ ငါကဘယ်သူလဲ .. ငါကဘယ်ရောက်နေတာလဲ ။

ခုနတုန်းက သူအိပ်ပျော်နေတာ ။ ဒါပေမယ့် NI-KI လာနှိုးလို့ သူရေချိုးခန်းထဲရောက်နေပြီ ။

" မြန်မြန်လုပ်ဗျာ SungHoonie Hyung စောင့်နေရတော့မယ် "

NI-KI ပါးစပ်က သူ့သူငယ်ချင်းနာမည်ထွက်လာတော့ Jakeက မျက်လုံးတြွေပူးသွားရသည် ။

" ဟေ့ကောင် NI-KI မင်းဘာတွေ ကုလားဖန်ထိုးထားပြန်ပြီလဲ "

" မထိုးပါဘူး ။ SungHoon Hyungက ရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့ ကျွန်တော်တို့ ၃ယောက်ကိုခေါ်ထားလို့လေ ။ မြန်မြန်လုပ်နော် Heeseung Hyungအောက်မှာ ထမင်းကြော်နေတယ် ပြီးရင်ဆင်းလာခဲ့ "

Jakeက ရေသာချိုးရတာ ၊ စိတ်က မဖြောင့် ။

SungHoonကိုမြင်ရင် တီကောင် ဆားနဲ့တို့သလို ထွန့်ထွန့်လူးနေတဲ့ NI-KIက အခုလိုတွေ လုပ်နေတော့ သံသယမဝင်ဘဲနေမလား ။

ဒါပေမယ့်လဲ ရုပ်ရှင်ကြည့်ရတော့ ကောင်းတာပဲလေ ဆိုပြီး ရေဆက်ချိုးကာမှ ဒုက္ခနဲ့ အိခုတွေ့သည် ။

သဘက်ပါမလာဘူး .. ။

" NI-KI ...Nishimura Riki အပြင်မှာ သဘက်ဖြစ်ဖြစ် Bathrobeဖြစ်ဖြစ်ရှိလား ယူလာပေးစမ်းပါ "

" ဟေ့ကောင်လေးရေ ငါဒီအတိုင်းကြီးထွက်မလာချင်ဘူးနော် .. "

တကြော်ကြော်အော်နေပေမယ့် ထွက်မလာတဲ့အဆုံး ရေချိုးခန်းတံခါးဟပြီး ချောင်းကြည့်တော့ ကုတင်စွန်းမှာ Bathrobeကိုင်ပြီး ပြုံးပြုံးကြီးရပ်နေတဲ့ Heeseung Hyung ...။

ကိုယ်ကြိုက်နေတဲ့လူရှေ့ဆို ဒီလို စောက်ကျိုးနည်းရှက်စရာတွေကဖြစ်ပြီ ။

" Hyung .. ပေးလေ "

ရေချိုးခန်းအဝကနေ မျက်နှာရဲရဲလေးဖော်ပြီး ညှောင်နာနာပြောလာတဲ့ စုတ်ဖွားခွေးပေါက်ကလေး Sim Jakeကို Heeseungက ညှစ်ပစ်ချင်လိုက်တာများ အသဲတယားယား ။

" ပေးပါနော် ။ ပေးပါ ။ ကျွန်တော်ချမ်းလာပြီ "

ထပ်လဲမစချင်တာမို့ ဖြည်းဖြည်းချင်းလျှောက်လာတော့ ငိုမဲ့မဲ့ရုပ်လေးနဲ့မော့ကြည့်လာတဲ့ ခွေးပေါက်ကလေး .. ။

𝘿𝙤𝙪𝙗𝙡𝙚 𝘿𝙖𝙩𝙚 / 𝙃𝙚𝙚𝙅𝙖𝙠𝙚 ×𝙃𝙤𝙤𝙣𝙆𝙞 / Where stories live. Discover now