Final ( Zawgyi )

386 19 0
                                    

" အဲ့တော့ မင်းက ခုံအောက်ဘာဝင်လုပ်နေတာလဲ "

" Hyungတို့ကိုဖမ်းဖို့ပါဆို နာရတဲ့ကြား ဘာတွေလာမေးနေတာလဲ ။ Hoon ဆူလာပြီ အရွက်တွေထည့်လိုက် "

SungHoonက ရယ်ချင်တာကိုမနည်းထိန်းပြီး နာမည်တောင်စုံအောင်မသိတဲ့ စိမ်းစိမ်းစိုစိုအရွက်တွေကို အိုးထဲ ကောက်ထည့်သည် ။

" ဖမ်းရအောင် ငါတို့ကဘာလုပ်နေလို့လဲ ကိုကို ဘေးနားက အသားပန်းကန်လေးကမ်းစမ်းပါ "

Jakeက Rikiနဲ့ရန်ဖြစ်တာကိုမရပ်စေရဘဲ အသားတွေကို စားကောင်းရုံအနေတော်လောက် ကပ်ကြေးနဲ့ညှပ်နေသည် ။

Riki နဲ့ Heeseung Hyungက ခေါင်းမှာ ပက်တီးဖြူဖြူလေးတွေနဲ့ ၊ မသိရင် မြန်မာရာဇဝင်ထဲက ပုဏ္ဏားလေးတွေလို ။

ဆေးခန်းကနေ ပြန်လာပြီး အခုသူတို့၎ယောက်လုံး SungHoonအိမ်ရောက်နေကြတာဖြစ်သည် ။ Jake နဲ့ Rikiတို့နှစ်ယောက်က သူတို့အိမ်ကို လက်ဆောင်ဝယ်မလာပေးလို့ boycottပါသည်တဲ့လေ ။ ညနက်နေပြီမို့ Heeseung Hyungကို တစ်ယောက်တည်းလဲ ပြန်မလွှတ်ချင်တော့တာမို့ ဒီမှာပဲ အိပ်ခိုင်းလိုက်တော့တာ ။

" ကိုယ်လုပ်ထားတာကိုယ်သိလေ အဟင်း အငယ်ဆုံးဖြစ်ပြီး အကြီးတွေကို ပြန်ဆုံးမရတော့မှာလား Hoonမြည်းကြည့် တော်ပြီနော် "

" ဟုတ်တယ် ငါနဲ့ Lee Heeseungတွဲနေတာ အဲ့တာဘာဖြစ်ချင်လဲကွာ ။ ခေါက်ဆွဲကမနူးသေးဘူး ထပ်ပြုတ်ရဉီးမယ် မချနဲ့ဉီး SungHoon "

" အဲ့လိုဝန်ခံလိုက်ပြီးနေတဲ့ဟာ ။ Hoonတော်တော့လို့ အိုးချတော့ "

အပူခံလက်အိတ်ကြီးစွတ်လို့ ချရမလို Gasမီးဖိုပေါ်ပဲဆက်တင်ထားရမလိုဖြစ်နေတဲ့ SungHoon .. ။

ရန်စောင်နေတဲ့ ကလေးနှစ်ယောက်ကိုကြည့်ပြီး Heeseungက သက်ပြင်းချပါတယ် ။ သူက လူကြီးပဲ သမာသမတ်ကျကျဆုံးဖြတ်ပေးရမှာပေါ့ ။

" Jakeမှန်တယ် "

" တော်ပြီ အဲ့မှာ ဆက်ပြီးတော့ပဲ မှန်နေလိုက် မစားတော့ဘူး "

" Riki စောင့်ဉီးလေ ဘေဘီ "

စိတ်ကောက်ပြီးထွက်ပြေးသွားတဲ့ Rikiနောက်ကို SungHoonက ​အသဲအသန်ထပြေးလိုက်ရပါတယ် ။ တစ်ဉီးတည်းသော ရည်းစားလေးမို့ အရမ်းဆိုးတဲ့ Nishimura Rikiလေးကိုမှ SungHoonက မေတ္တာရွှေမိုး ရွာသွန်းဖြိုးမိတာကိုး ။

𝘿𝙤𝙪𝙗𝙡𝙚 𝘿𝙖𝙩𝙚 / 𝙃𝙚𝙚𝙅𝙖𝙠𝙚 ×𝙃𝙤𝙤𝙣𝙆𝙞 / Where stories live. Discover now