တစ်ယောက်ကတစ်ယောက်ကို(Ep16)

465 37 3
                                    

တစ်ယောက်ကတစ်ယောက်ကို  ( Ep. 16 )

⚙️⚙️⚙️⚙️⚙️

Typeကို သူ့ရင်ခွင်ထဲ ထည့်ထားပြီး Tharnအနောက်ကနေ Type ရဲ့
ဗိုက်ပူပူလေးကိုပွတ်သပ်ပေးလိုက်တယ် ..

အနောက်ကနေ သူ့ပွေ့ထားတဲ့
Tharn ပုခုံးပေါ်
ခေါင်း နောက်လှန်မှီရင်း မျက်လုံးစုံမှိတ်
ထားလိုက်တယ် ...

Type တကိုယ်လုံး Tharn ညင်ညင်သာသာနဲ့
ပွတ်သပ် နှိပ်နယ်ပေးလိုက်တယ် ..

" Nong  ! ..

" ဟင်  baby   .. "

" ကိုယ်တို့ မာမီတို့အိမ် ပြောင်းနေရအောင် .. "

ဒီနေ့လို့ အဖြစ်မျိုး Typeထပ်ဖြစ်မှာ Tharn
စိုးရိမ်မိနေတယ် .. 
အဲဒါကြောင့် လူများများရှိတဲ့  Type မိဘတွေအိမ် ပြောင်းနေဖို့စိတ်ကူးမိလိုက်တယ် ..

" ဘာဖြစ်လို့လည်း Tharn "

" ဘာမဖြစ်ပါဘူး မင်းကိုယ်ဝန်က
တဖြေးဖြေးလ ရင့်လာပြီလေ ..
ဟိုမှာ မာမီတို့ ယူကီတို့လည်း ရှိတော့
တခုခုဆိုကိုယ်တို့ နှစ်ယောက်ထဲ
မဟုတ်တော့ဘူးပေါ့ "

" မင်း သဘောပဲ  မင်း အနေကျပ်မှာစိုးလို့ "

အိမ်မှာက မိဘတွေရဲ့ ဧည့်သည်
အစ်မယူကီရဲ့ဧည့်သည်တွေနဲ့ အဝင်အထွက် လူများတော့ အေးဆေး တိတ်တိတ်
ဆိတ်ဆိတ် နေတတ်တဲ့Tharn  ကို
သူ စိတ်ရှုပ်မှာ Type စိတ်ပူမိတယ်. 

" ကိုယ်နေတတ်ပါတယ်ကွာ မင်းအိမ်က
အကျယ်ကြီးပဲဟာ "

" Tharn ငါ့အိမ်ပဲမဟုတ်ဘူး
မင်းအိမ်ဆိုလည်းဟုတ်တယ်  "

" အိုကေ အိုကေ
ဟုတ်တယ် ကိုယ်စကားမှားသွားတာ "

Type အသံမာသွားတာကြောင့်
Tharn အမြန်
ပြန်ချော့လိုက်ရ တော့ တယ် ..

နောက်ရက် သူ့ ကျောင်းပိတ်တဲ့ရက်မှာတော့
Typeနဲ့ အတူ သူ့ မိဘတွေအိမ်  Tharn တို့
သွားခဲ့ကြတယ် ..

ဟိုရောက်တာနဲ့ မိဘတွေကို Tharn အကျိုးအကြောင်း ပြောပြလိုက်တယ် ..

" အဲတာပဲ မာမီ နောက်ပိုင်း အခန်းမှာ
သူတစ်ယောက်ထဲ ရှိနေမှာ ကျတော်
စိတ်မချလို့

တစ်ယောက်ကတစ်ယောက်ကို Nơi câu chuyện tồn tại. Hãy khám phá bây giờ