တစ်ယောက်ကတစ်ယောက်ကို (Ep17)

504 37 2
                                    

တစ်ယောက်ကတစ်ယောက်ကို  ( Ep.17 )

⚙️⚙️⚙️⚙️⚙️

" မာမီတို့ ပြန်လိုက်ကြတော့
ကျတော်ရှိနေတာပဲ "

အခြေအနေအားလုံးက ရုတ်တရက်ကြီး
ဖြစ်လာရတော့ လူကြီးတွေလည်း
စိတ်ပင်ပန်းသွားရတယ် .   ..

" Tharn တစ်ယောက်ထဲ ရပါ့မလား "

" ရပါတယ် မာမီ
Type က အဆိုးကြီးမှမဟုတ်တာ "

ဒေါ်ခွန်ယိုင်နဲ့ ယူကီ တို့လည်း ခဏကြာ‌
နေပြီးပြန်သွားကြတယ်  ..

" Nong ဗိုက်ဆာလား "

Type မျက်နှာရှေ့တည့်တည်သွားပြီး
Tharn စိုက်ကြည့်လိုက်ပေမယ့် ..
Type ကတော့  မျက်လုံးစိမ်းတွေနဲ့ သူ့ကို
မသိသလို ပြန်ကြည့်နေတယ်  ..

ဗိုက်ဆာသလား , မဆာသလား မင်သိ

နာကျင်တာ , ဝမ်းနည်းတာ , ပျော်ရွှင်တာ
အားလုံး ဘာဆိုဘာမှသိ ခံစားချက်မှ
Type မှာမရှိတော့ ..

ကလေးငယ်လေးလိုမျက်လုံးငယ်လေးနဲ့
သူ့ကိုယ်သူတောင် သူ မသိတယ် ..

Tharn သက်ပြင်းတချက် ရှိုက်လိုက်တယ် ..

" ညစာ ရပါပြီ "

ဆေးရုံက လာပေးတဲ့ ညစာ ထမင်းဗန်းကို
Tharn လှမ်းယူလိုက်တယ် ..

" ကျေးဇူးပါ "

Tharn ထမင်းကျွးဖို့ ပြင်ဆင်နေတုန်း 
ငြိမ်နေတဲ့Type  လှုပ်လှုပ်ရွရွ နဲ့ ဂဃာမငြိမ်ဖြစ်လာတယ်

" Typeဘာဖြစ်လို့လည်း ဘာဖြစ်လို့လည်း "

လှုပ်ရွနေတဲ့ Type ကို Tharn သတိထား
ကြည့်လိုက်မိတယ်  ..

" အော်  အိုကေ အိုကေ  "

သူ့ဝမ်းဗိုက်အောက်ဘက်ကို ဖိကိုင်ရင်း
လှုပ်ရွနေတဲ့  Type ကို သန့်စင်ခန်းထဲ
Tharnခေါ်လာလိုက်တယ် ..

ပြီးတော့ toilet သွားလို့ရအောင် Type ကို
Tharn အစအဆုံးလုပ်ကိုင်ပေးလိုက်တယ် .. 

သန့်စင်ခန်း ကိစ္စပြီးသွားတော့ Tharn
သူ့လက် ဆေးပြီး Type ကို ထမင်းခွံကျွေးလိုက်တယ် ..

" Nong ပါးစပ် ပါးစပ် ဟ "

Type ကိုပြောရင်း Tharn သူပါ ပါးစပ်
ဟ ပြ လိုက်မိတယ် ..

တစ်ယောက်ကတစ်ယောက်ကို Nơi câu chuyện tồn tại. Hãy khám phá bây giờ