စိတ်အစုံခေါ်ဆောင်ရာ ကမ်းစပ်သို့ ရောက်လာမိသည်။
သူ့အရပ် နှစ်ဆထက်မနည်း မြင့်တဲ့ အုန်းပင်တွေက မြောက်ဘက်မှ လေတွေကြောင့် တောင်ဘက်သို့ ယိမ်းနေသည်။ဖိနပ်မပါတဲ့ ခြေဗလာက ခြေလှမ်းတိုင်းမှာ သဲနွေးနွေးတွေနှင့် တစ်ထပ်တည်း ဖြစ်ကုန်သည်။ ကမ်းစပ်မှာ ဒူးထောင်ရင်း ထိုင်ချမိသည်။ ထို့နောက် နုန်းသဲတွေထဲ ခြေချောင်းများကို ထိုးသွင်းနစ်မြုပ်စေသည်။ တခါတရံ လှိုင်းလုံးတွေ ပုတ်လာချိန်များမှာဆို ရေအေးအေးက Seungmin ခြေချင်းဝတ်များထံ လာရောက် ကလူကျီစယ်ကြသေးသည်။
အဖြူရောင်ရှပ်အကျႌကို အောက်ခံထားပြီး အပေါ်အောက် ဝတ်ဆင်ထားသည့် အနက်ရောင်အနောက်တိုင်းဝတ်စုံက
ကမ်းစပ်ကသဲပြင်မှာ ထိုင်ချင်သလို ထိုင်ချနေတဲ့ သူ့ပုံစံနှင့် တော်တော့ကို မလိုက်ဖက်။လည်ပင်းရှိ နက်ခ်တိုင်ကို ဆွဲဖြည်ပစ်ပြီး အဆုံးမရှိတဲ့ ပင်လယ်ကိုငေးရင်း သက်ပြင်းချမိသည်။ သူ အရာအားလုံးကို အဆုံးသတ်လိုက်ချင်ပါပြီ။
သဲတွေထဲက ခြေချောင်းများကို ပြန်ထုတ်ကာ မတ်တပ်ရပ်ရင်း ရေတိမ်တိမ်မှတစ်ဆင့် ၊ ရေနက်ပိုင်းထိ တိုးသွားမိသည်။ တစ်ချိန်က ခြေချင်းဝတ်မျှ ရှိခဲ့တဲ့ရေပြင်က ယခုတော့ ရင်ဘတ်ကျယ်များကိုပင် ကလူနေကြသည်။
နောက်ဆုံးအကြိမ်..၊ နောက်ဆုံးအကြိမ်အနေနဲ့ ဝင်သက်တစ်ခုကို ပင့်သက်ရှိုက်မောလိုက်သည်။
ထို့နောက် ရေပြင်အောက်ထဲ သူ့စိတ်နှင့်သူ့ကိုယ် နစ်စေမိသည်။ ရေပြင်အောက် ရောက်သွားတဲ့ ဦးခေါင်းက တစ်စတစ်စ မွန်းကြပ်ခြင်းနှင့် ရင်ဆိုင်လာရသည်။ ရှူရှိုက်ခဲ့တဲ့လေတွေက အဆုတ်လမ်းကြောင်းအတွင်းသို့ သက်ဝင်ကုန်ဆုံးသွားပြီ ထင်ရဲ့။
ခန္ဓာကိုယ်ရဲ့ အလိုအလျောက်တုံ့ပြန်မှုဖြင့် ခြေချောင်းများနှင့် လက်ဖျားများက သူ့ဆုံးဖြတ်ချက်ကို တွန်းလှန်ပုန်ကန်ကာ ရေပြင်ကို ခတ်ဖို့ ကြိုးစားနေကြသည်။ သို့ပေမဲ့ နွမ်းနယ်နေတဲ့ ခန္ဓာကိုယ်က သူ့ရဲ့စိတ်ကို မဆန့်ကျင်နိုင်ဘဲ အရှုံးပေးရပြန်သည်။

YOU ARE READING
Where The Sky Belongs To • 황승
FanfictionSea is where the sky belongs to Tw // suicide attempt Written in burmese